Part 26

1.1K 48 6
                                    

အပိုင်း(၂၆)

ရူယန်းတိုင်းပြည်မှ ပုံမှန်နှုန်းဖြင့်ထွက်ခွာလာခဲ့တာကြောင့် နှစ်နိုင်ငံနယ်စပ်စခန်းတစ်ခုမှာ တစ်ညအိပ် ခရီးတစ်ထောက်နားရလေသည်။

" နေသာထိုင်သာရှိရဲ့လား "

" ရှိပါတယ် ဘာဖြစ်လို့မေးတာလဲဟင် "

အရိပ်တကြည့်ကြည့်ဖြစ်နေသော မဏ္ဍိုင့်ကို ခင်ခင် မေးမြန်းလိုက်မိလေတော့ ခေါင်းယမ်းပြလေ၏။

အစားအသောက်၊အနေအထိုင်ကအစ အပျိုမယ်များ၊အထိန်းတော်တွေနဲ့တင် စိတ်မချနိုင်ဘဲ မဏ္ဍိုင်က သူကိုယ်တိုင်စီမံလို့နေသည်။

" ဘာလေးမွေးမယ်လို့ထင်လဲ မယ်တော်ကျောင်းမှာသိခဲ့သလို မိန်းကလေးပဲမွေးမယ်လို့ထင်လား "

ခင်ခင့်အမေးကို အချိန်ခဏအကြာစဉ်းစားပြီးမှ..

" ဘာလေးမွေးမွေးပါ ခင်မွေးသမျှကလေးတွေက ကျုပ်ကလေးပဲလေ ကျုပ်ချစ်ရမှာပေါ့ "

" နန်းတော်မှာ မပျော်ဘူး "

" ဘယ်လို "

" နန်းတော်မှာမနေချင်ဘူးလို့ပြောတာ အရှင့်ဆီက ခင်ခင်တစ်ခုလောက်တောင်းဆိုနိုင်မလား "

" ကျုပ်နဲ့ခွဲနေမယ်ဆိုတဲ့အကြောင်းကလွဲရင် ကြိုက်ရာတောင်းဆိုနိုင်တယ် "

ထိုစကားကြောင့် ခင်ခင်က နှုတ်ဆိတ်သွားလေသည်။

" ကျုပ်က ဘာလို့ခွင့်ပြုပေးရမှာလဲ ခင်ခင်နဲ့မခွဲနိုင်လို့ အခုလိုမြှောက်စားထားတာပဲလေ ဘာအတွက်ကြောင့်စိတ်ပူပန်နေရတာလဲ "

" ဒီနန်းတော်မှာ ခင်ခင်တစ်ယောက်တည်းအထီးကျန်နေရတယ် အရှင်နဲ့အတူရှိနေရတဲ့အချိန်ဆိုရင်တောင်မှ အထီးကျန်သလိုခံစားနေရတယ် အဲ့ဒါကြောင့် အရင်နေထိုင်ခဲ့တဲ့ခုနှစ်ဆောင်နန်းမှာပဲ ပြန်သွားနေထိုင်ချင်မိပါတယ် "

" ကျုပ်ခွင့်မပြုနိုင်ဘူး အခုချိန်မှာခင်ခင်က ကျုပ်ရင်သွေးကိုလွယ်ထားရတဲ့အပြင် ကျုပ်ကလည်း ခင်ဗျားနဲ့ခွဲပြီးမနေနိုင်ဘူးဆိုတာသိရက်နဲ့အခုလိုစကားမျိုးဘာကြောင့်ပြောထွက်ရက်တာလဲ "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now