အပိုင်း(၆-ခ)
ခန်းဆောင်အတွင်းဝင်လာသည့်အစ်ကိုတော်ကိုမြင်တော့ အငယ်မှာ ကြောက်လန့်တကြားဖြင့် ခင်ခင့်လက်ကိုလာကိုင်သည်။
" ဟင့်အင်း အငယ်မလိုက်ပါရစေနဲ့ အစ်ကိုတော် "
" ခေါင်းမမာချင်စမ်းနဲ့ သူ့ကိုခေါ်သွားလိုက်ကြ "
အစ်ကိုတော်ရဲ့အမိန့်ကြောင့် တပ်သားငါးယောက်မှာ စန္ဒဝတီအနားသို့ ချက်ချင်း ချဉ်းကပ်လာသည်။" အငယ့်ကို ဘာလို့ ရူယန်းဘုရင်နဲ့ပေးစားဖို့စီစဉ်ရတာလဲဟင် "
" ဘုရင်မင်းမြတ်ပဲသိနိုင်လိမ့်မယ် အစ်ကိုတော်မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး "
တပ်သားတွေရဲ့နောက်သို့လိုက်ပါသွားရသည့်အငယ်မှာ မျက်ရည်လည်ရွှဲဖြင့်ပေါ့။
အငယ့်ကိုသနားမိနေပေမယ့် ဒီကိစ္စက ခင်ခင်ကူညီနိုင်တဲ့ကိစ္စလည်းမဟုတ်တာကြောင့် စိတ်မကောင်းဝမ်းနည်းပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။
လေးပင်နေသည့်စိတ်ကိုဖြေလျော့ရန်အတွက် ခေါင်းအုံးအောက်က မယ်တော့်ဒိုင်ယာရီစာအုပ်ကို စာဖတ်ပြပေးနေသည့်မိန်းမငယ်လေးအား လှမ်းပေးလိုက်ပြီး ဆက်လက်နားထောင်နေခဲ့လိုက်သည်။
Flash Back••
အရှင်နဲ့အတူနေတာထက်စာရင် မင်းသားစောနိုင်းနဲ့အတူရှိနေရတာက ကုမ္မာ့အတွက် ပိုလို့စိတ်ပျော်စေသည်။
တစ်ကြိမ်တစ်ခါမှားခဲ့တဲ့ကိစ္စဟာ အခုဆို အရှင်မလာသည့်ရက်တိုင်း မင်းသားစောနိုင်းနဲ့အတူ ပျော်ပါးနေခဲ့မိပါသည်။" အရှင်မ ဒီနေ့ပြုံးပျော်နေတာ သိပ်ပြီးဝမ်းသာဖို့ကောင်းလိုက်တာ "
ဟီကူ့စကားကိုကြားတော့ ကုမ္မာရှက်ပြုံးလေးဖြင့်ရှိနေသည်။
" ဒီနေ့အရှင်ကြွလာမှာမလို့လားဟင် အရှင်မက အရမ်းပျော်နေတော့ "
" ဟင့်အင်း အရှင်မလာပါဘူး "
" ဒါဆို ဘာကြောင့်လဲ သိခွင့်ရှိမလား "
ကုမ္မာပြောဖို့ဟန်ပြင်တုန်းရှိသေး မိန်းမငယ်လေးတစ်ဦးက အထဲကိုဝင်လာသည်။
