အပိုင်း(၁၀)
နန်းတော်မှာနေထိုင်ရတာဟာ ကုမ္မာဝတီအဖို့ အကျဉ်းကျနေသလိုပင်ခံစားနေရ၏။
လွတ်လွတ်လပ်လပ်ပြေးလွှားခွင့်လဲ မရှိသည့်အပြင် တစ်ခုခုဆို ဘုရင်ဆီ အစီအရင်ခံတင်ပြနေရတာနဲ့တင် အချိန်လင့်သွားလေပြီ။" အရှင်မ ရေတံခွန်ဘက်မှာ ရေချိုးဆင်းကြရအောင်လား "
" ရေတံခွန်ဘက်ဆိုတာ.. "
ကုမ္မာ့အသံဟာ အနည်းငယ်ရွှင်ပျနေဟန်ရှိတာကြောင့် ဟီကူမှာ နှစ်လိုလက်ရပြုံးမိ၏။" ဟုတ်ပါတယ်အရှင်မ နန်းတော်မြောက်ဘက်မှာရှိတဲ့ရေတံခွန်ပါ "
" အင်း ကောင်းသားပဲ ဒီနန်းဆောင်ထဲမှာနေရတာ ကုမ္မာ့အတွက် ငြီးငွေ့လွန်းလှပါပြီ ဟီကူ ပြင်ဆင်ထားလိုက်ပါတော့ "
" ကောင်းပါပြီ အရှင်မ "
ကုမ္မာ့ကို ခေါင်းငုံ့အရိုသေပေးကာ ဟီကူက ခပ်သုတ်သုတ်လေးပြေးထွက်သွား၏။
" အော်.. ကုမ္မာလဲ ရေချိုးဆိပ်ဆီသွားမလို့လား "
သူကတော့ အရှင့်ရဲ့ တတိယမြောက်မိဖုရားပါ။
" ဟုတ်တယ် အတူသွားကြမလား "
" ကောင်းသားပဲ ဒါနဲ့ ညက အရှင်လာသေးလားဟင် "
" ဟင့်အင်း မလာပါဘူး "
ကုမ္မာပြောလိုက်တော့ ထိုမိဖုရားမှာ အနည်းငယ်တွေဝေသွားဟန်ရှိသည်။
" မိဖုရားက ဘာဖြစ်လို့မေးတာလဲ "
" အဲ့တာကလေ.. မနေ့ညက အရှင် နန်းပြင်ထွက်သွားတယ်ထင်ပါရဲ့ "
ထိုမိဖုရားရဲ့စကားကို ကုမ္မာသိပ်ပြီးနားမရှင်းပါ။
" ဒီလိုပါ ကုမ္မာ အရှင်က သူ့နန်းမှာလည်းမရှိတဲ့အပြင် ကျွန်ုပ်တို့မိဖုရားတွေဆီလဲ ကြွမလာတော့ မဟုတ်မှ.. နန်းပြင်မှာများ.. "
" အို.. မဖြစ်နိုင်လောက်ပါဘူး မောင်းမတွေဆီများရောက်နေသလား "
ကုမ္မာတွေးဆဆဖြင့်ပြောလိုက်လေတော့ ထိုမိဖုရားလေးမှာ ခေါင်းတညိမ့်ညိမ့်ဖြင့်လက်ခံသွားပုံရ၏။
ထိုသို့ကုမ္မာလှည့်ပြောလိုက်ပေမယ့် ကိုယ်တိုင်လဲမယုံကြည်ပါ။အရှင်နန်းပြင်ထွက်သွားတယ်ဆိုတာသာ သေချာခဲ့ရင်ဖြင့်...
ညီမတော်နဲ့အတူသွားအိပ်စက်တာပဲ ဖြစ်ရချေမည်။

STAI LEGGENDO
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗