အပိုင်း(၁၆)
မနက်မိုးသောက်ခါနီး ခင်ခင်ပြန်နိုးလာလေတော့ နန်းဆောင်အတွင်းတွင်ဟုတ်မနေပေမယ့် ဘေးတွင်အတူအိပ်နေသူကတော့ မဏ္ဍိုင်ပင်။
အခန်းပတ်ပတ်လည်ကို မျက်လုံးလေးဝင့်ကာ လျှောက်ကြည့်နေမိလျှင် စိမ်းသက်သောခံစားမှုကို ခံစားလိုက်ရ၏။
ဒီနေရာဟာ ခုနှစ်ဆောင်နန်းလဲမဟုတ် နန်းတော်မှာလည်းမဟုတ်။
ခင်ခင်နဲ့အတော်လေးစိမ်းသက်သောနေရာဖြစ်နေတာကြောင့် အိပ်နေသူကို လှုပ်ကာနှိုးမိသည်။" ဘာဖြစ်လို့လဲ ခင်ခင် "
" ဒါဘယ်နေရာကြီးလဲ "
ခင်ခင့်အမေးကို မဏ္ဍိုင်ကပြန်မဖြေဘဲ သူ့ဘေးတွင်လာပြန်အိပ်ဖို့သာ အမူအရာနဲ့လုပ်ပြနေသည်။
" ခင်ခင်က နေရာပြောင်းရင် မအိပ်တတ်ဘူး "
" အဟက်! အိပ်မပျော်တဲ့သူကလည်း တစ်ညလုံးအိပ်နေတာ တစ်ချက်ကလေးတောင်နိုးမလာဘဲနဲ့ "
မျက်လုံးပြူးဝိုင်းဝိုင်းကြီးနဲ့အလိုမကျဟန်ဖြစ်နေသည့် ခင်ခင်ကြောင့် မဏ္ဍိုင်မှာလည်း ဆက်ပြီးအိပ်နေဖို့မဖြစ်နိုင်တော့ပါ။
တစ်ကိုယ်လုံးရှိရှိသမျှအကြောတွေပြေလျော့အောင်ဆန့်ထုတ်လိုက်ပြီး ဘေးတွင်ငုတ်တုပ်လေးထိုင်နေသည့်ခင်ခင့်ကို အတင်းပွေ့ချီပြီး ရင်ခွင်ထဲထည့်ထားလိုက်သည်။
" ကျုပ် ခင့်ကို ခိုးပြေးလာတာ ဒီနေရာက ဂနိုင်းရဂုံနဲ့ရူယန်းကြားက တပ်စခန်းတစ်ခုပဲ "
" ဟင် "
" အခုမှ ဘာ ဟင် တာလဲ ခင်ဗျားပဲခိုးပြေးပါလားလို့ပြောတာမဟုတ်ဘူးလား ခင်ခင် "
နှာခေါင်းထိပ်လေးကိုတို့ထိလိုက်တော့ လက်ကိုဖမ်းပြီးကိုက်လေသည်။
" ခင်ယွန်းဝတီက အတတ်ကောင်းတွေတတ်နေပြီပဲ ကျုပ်လက်ကိုတောင်ဘယ်လိုအခြေအနေမှာ ကိုက်ရမလဲ စဉ်းစားတတ်နေပြီလား "
မဏ္ဍိုင့်မျက်စိထဲ ခင်ခင်ဟာ ကလေးပေါက်စလေးအလား။
ဒီနှစ်တွေအတွင်း စာပေလေ့လာခွင့်အပြည့်အဝရရှိလာတာကြောင့် အတော်လေးရေးတတ်၊ဖတ်တတ်နေလေပြီ။
တစ်ခါတစ်ရံ မဏ္ဍိုင်ဖတ်ပြသည့် ဒဏ္ဍာရီလာပုံပြင်တွေကို သူ့ဟာသူ ဖြေးဖြေးချင်းဖတ်ကြည့်နိုင်သည်အထိ တိုးတက်လာခဲ့လေပြီ။
![](https://img.wattpad.com/cover/362253288-288-k519165.jpg)
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗