Part 20-A

1.6K 66 4
                                    

အပိုင်း(၂၀ - က)

မနက်မိုးမသောက်ခင်အချိန်လေးမှာ ခင်ခင်နိုးနေခဲ့လေပြီ။
ဘာကြောင့်ဆို ဒီနေ့မနက်မိုးမသောက်ခင် မဏ္ဍိုင်ဟာ စစ်မြေပြင်ဆီ သွားတော့မှာဖြစ်သည့်အတွက်ကြောင့်ပင်။

" မျက်နှာလည်းမကောင်းပါလား ခင်ခင် "

" မဏ္ဍိုင်တစ်ခုခုဖြစ်သွားမှာစိုးလို့လေ စောစောထပြီး နေမထွက်ခင် ဆုတောင်းနေတာ "

မိမိအတွက် ဆုတောင်းပေးနေတာတဲ့။
ဘယ်လောက်တောင်မှ ချစ်ဖို့ကောင်းလိုက်သလဲ။
ချစ်မဝဘူးဆိုသည့်အဓိပ္ပာယ်အား ခင်ခင်နဲ့တွေ့မှ နားလည်သဘောပေါက်လာခဲ့လေ၏။

တစိမ့်စိမ့်ကြည့်ရင်း ချစ်စိတ်ပိုလာသည့်မဏ္ဍိုင့်အဖြစ်ဟာ ခင်ခင်နဲ့ပတ်သက်ရင် မျက်ကန်းတစ်ယောက်လိုဆုံးဖြတ်ချက်ချမိသည်အထိ ဖြစ်ရလေသည်။

" လက်ပေး "

ခင်ခင့်လည်ပင်းတွင် အမြဲလိုလိုဆွဲထားတတ်သည့် ချည်မန်းကြိုးလေးအား မဏ္ဍိုင့်လက်တွင်အဆောင်အဖြစ်ရှိစေရန် လက်ကိုတောင်းလိုက်သည်။

" ကျုပ်ကို သိပ်ချစ်တာပဲလား ခင်ခင် "

" အင်း "
အင်း ဟု ဖြေလာသည့်အသံဟာ အဖျားတွင်အနည်းငယ်တုန်ယင်သွားပြီး မျက်ဝန်းရိပ်တွင် မျက်ရည်ဥများ စတင်တွဲခိုလာလေတော့သည်။

" ခင်ခင်တောင် ကျုပ်ကိုအဲ့လောက်ချစ်ရင် ကျုပ်က ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲဆိုတာ မေးခွန်းထုတ်ဖို့မလိုလောက်တော့ပါဘူး နှစ်ရက်ပဲစောင့်နော် ကျုပ်ပြန်လာခဲ့မယ် ကျုပ်မရှိတုန်း နန်းဆောင်မှာပဲနေရမယ် ရမ်းနွတ်ကို ခင်ခင့်အတွက်ထားခဲ့မှာမို့လို့ အပြင်ထွက်ချင်ရင် ရမ်းနွတ်နဲ့မှ အတူသွား နောက်ပြီး မကြာခဏစာပို့မယ်ဆိုရင်လည်း ပို့လေ ခင်ခင့်ရဲ့လက်ရေးဆိုးဆိုးလေးကို မြင်ချင်တယ် "

" မောင်နော် "

ထိုစကားကြောင့် မဏ္ဍိုင့်မှာ အသည်းတယားယား ကလိကလိဖြစ်သွားရလေသည်။
ဘယ်လိုတောင်ချွဲပစ်လိုက်တာလဲ ခင်ဗျားရယ်။
မဏ္ဍိုင့်အားနေရာမှ ထိုင်ရာကနေ မထချင်တော့အောင် ဆွဲဆောင်နိုင်သည်မှာလဲ ခင်ခင်တစ်ယောက်ထဲသာရှိသည်။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now