Part 17

2.3K 83 5
                                    

အပိုင်း(၁၇)

ဂနိုင်းရဂုံဘုရင်၏ သဘောတူညီမှုကြောင့် နောက်တစ်နေ့မနက်မှစ၍ သုံးရက်ဆက်တိုက်လက်ဆက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း တစ်တိုင်းတစ်ပြည်လုံးကို ကြေငြာမောင်းခတ်ထားလိုက်သည်။

မဏ္ဍိုင်ပထီ၏မယ်တော်ဖြစ်သူမှာ ခင်ခင့်ကို လုံးဝသဘောမတွေ့။

" သားတော်ရဲ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလားကွယ် "

ဓားရေးလေ့ကျင့်နေတုန်း မယ်တော်ဖြစ်သူမှာ အနားတွင်တိုးကပ်ပြောလာ၏။

" မယ်တော်သဘောမတွေ့ပေမယ့် ကျုပ်ခင်ခင့်ကိုချစ်တယ် သူ့ကလွဲပြီးကြင်ယာတော်နေရာမှာ ဘယ်သူမှမရှိစေရဘူး ဒီကိစ္စနဲ့ပတ်သတ်ပြီးဆက်ပြောနေအုံးမယ်ဆိုရင်တော့ ရိုင်းပျစွာနဲ့ပဲ ထွက်သွားပေးပါလို့ ပြောချင်ပါတယ် "

" ပထီ!! "

ဒေါသဖြင့်အော်လိုက်သည့်မယ်တော့်အသံကြောင့် တပ်သားများမှာ မဝံ့မရဲလှမ်းကြည့်ကြလေသည်။

" လုပ်စရာရှိတာ ဆက်လုပ်နေကြလေ!! "

မဏ္ဍိုင် လှမ်းအော်လိုက်ပြီး ယာယီနန်းဆောင်အတွင်းသို့ မယ်တော့်ကိုခေါ်လာခဲ့လိုက်သည်။

" မယ်တော့်ကို မချစ်တော့ဘူးလား မသနားတော့ဘူးလား ပထီ! "

" မယ်တော့်ကိုချစ်သလို ကျုပ်ခင်ခင့်ကိုလည်းမလျော့သောအချစ်နဲ့ချစ်မြတ်နိုးတယ် မယ်တော့်ခံစားချက်ကိုနားလည်သလို ကျုပ်ကိုအားကိုးပြီးလိုက်လာရတဲ့ခင်ခင့်ရဲ့စိတ်ကိုနားလည်သနားတယ် ကျုပ်ဘဝမှာမယ်တော့်ကို တန်ဖိုးထားချစ်သလို ခင်ခင့်ကိုတန်ဖိုးထားပြီးသိပ်မြတ်နိုးမိခဲ့ပြီ ဒါကြောင့် စိတ်ညစ်ခံပြီးရောဂါတိုးအောင် ကိုယ့်ကိုကိုယ်မညှင်းဆဲပါနဲ့တော့မယ်တော် "

မဏ္ဍိုင့်စကားကို မယ်တော်က လုံးဝလက်မခံဘဲ ယာယီနန်းဆောင်မှထွက်ခွာသွားလေသည်။
ပုံမှန်ဆို မဏ္ဍိုင်သေချာပေါက် အနောက်ကနေလိုက်ပြီးခွင့်လွှတ်မှုခံယူနေကျဖြစ်ပေမယ့် ဒီတစ်ကြိမ် မဟုတ်ဘူး ခင်ခင်နဲ့ပတ်သတ်ဆက်နွယ်လာမဲ့အကြိမ်တိုင်း အခုလိုပဲလျစ်လျူရှုမိနေတော့မည်ထင်၏။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Место, где живут истории. Откройте их для себя