အပိုင်း(၁၈)
မင်္ဂလာလက်ဆက်ပွဲအတွက် ရူယန်းနိုင်ငံ၏ရိုးရာထုံးတမ်းစဉ်လာအတိုင်း အဝတ်အစား၊အသုံးအဆောင်တိုင်ူကို ပြင်ဆင်ထားလေသည်။
ရူယန်းနန်းတော်တစ်ခုလုံး ရွှေရောင်အဆင်းဖြင့် တဖိတ်ဖိတ်တောက်ပြောင်ကာ ဝင်းလက်နေသည်ကို ရူယန်းတိုင်းပြည်၏ မည်သည့်နေရာကနေမဆို ကြည့်ရှူသူတိုင်းမြင်တွေ့နိုင်ပေမည်။
ဘွဲ့ရာထူးမရှိသော မင်းသားတစ်ပါးရဲ့လက်ဆက်ပွဲမဟုတ်တာကြောင့် ဒီတစ်ခေါက်လက်ဆက်ပွဲဟာ ရူယန်းတိုင်းသူပြည်သူများအတွက် တစ်သက်မမေ့ချင်စရာပင်။
ရူယန်းတိုင်းပြည်ရဲ့နောက်တက်မည့်ဘုရင်လောင်းလျာဖြစ်တာကြောင့် ယခုလိုလက်ဆက်ခွင့်ရသည့်အမျိုးသမီးဟာဆိုရင်လည်း ဘယ်လောက်ထိဘုန်းကံကြီးမားလိုက်သလဲဟုပင် အများက ပြောဆိုနေရလောက်အောင်အထိဖြစ်ရသည်။
အသေးစိတ်ပြင်ဆင်ပေးနေသော အထိန်းတော်များမှာ ခင်ခင့်ကိုသိပ်ပြီးသဘောမတွေ့ကြသော်လည်း သိပ်မကြာခင် ကြင်ယာတော်ဖြစ်လာမည့်အတွက်ကြောင့်သာ အခုလောက်အထိ အဆင်ပြေပြေဖြစ်နေရတာပဲဖြစ်၏။
မည်သည့်မျက်နှာချေနဲ့မှဖုံးအုပ်လို့မရသည့် ခင်ခင့်ရဲ့မျက်နှာတစ်ခြမ်းဟာ အခုလိုပွဲမျိုးတွင် သိပ်ကိုမှအကျည်းတန်လေသည်။
" ခင်ခင် အဆင်ပြေရဲ့လား "
မဏ္ဍိုင်မှာ စိတ်မချစွာဖြင့် ခပ်မြန်မြန်ပြင်ဆင်ပြီး ခင်ခင်ရှိရာနန်းဆောင်ဆီသို့ထွက်လာခဲ့တာပင်။
" ခဏအပြင်ထွက်ကြ!! "
မဏ္ဍိုင့်အမိန့်ကြောင့် နန်းဆောင်အတွင်းရှိရှိသမျှအထိန်းတော်၊အပျိုမယ် အစသည့်သူအားလုံး ထွက်သွားကြလေတော့၏။" ဘယ်လိုဖြစ်သလဲ ဘယ်လိုဖြစ်လို့ငိုနေရသလဲခင်ခင် "
ဘာကြောင့်ငိုနေမှန်း မဏ္ဍိုင်အအတပ်သိနေပေမယ့် သူမ နှုတ်က ထွက်လာသည့်စကားကို ထပ်ပြီးအတည်ပြုချင်သည်။
" မဏ္ဍိုင်! "
" ပြော ကျုပ်ကိုပြော "
မှန်ရှေ့ထိုင်နေသည့်ချစ်ရသူဟာ အနောက်ဘက်တွင်ကပ်လျက်ရပ်နေသော မဏ္ဍိုင့်ကို တင်းတင်းဖက်တွယ်လာသည်။
![](https://img.wattpad.com/cover/362253288-288-k519165.jpg)
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗