Part 21-A

1.7K 68 7
                                    

အပိုင်း(၂၁-က)

" မယ်တော်!!! "

အသံကျယ်ကျယ်ဖြင့် နန်းဆောင်ထဲသို့ဝင်လာသူမှာ သူမသိပ်လွမ်းနေရသည့် သားတော်ပင်။

" သားတော် သားတော်ပြန်လာပြီလား "

" ပြန်လာပါပြီ မယ်တော် ဘာတွေလုပ်ထားသလဲ ကျုပ်ကိုပြောပါအုံး "

စားပွဲဝိုင်းလေးမှာ ထိုင်နေသည့်မယ်တော်အား မဏ္ဍိုင်မေးလိုက်လေလျှင် ဟန်မပျက်ပြုံးနေလေ၏။

" သားတော် ဘာတွေမေးနေတာလဲကွယ် မယ်တော်ဖြင့်နားမလည်နိုင်တော့ပါဘူး "

" အဟားးး မယ်တော်ဟာ အဲ့လောက်ထိဟန်ဆောင်ကောင်းမှန်း မသိခဲ့ဘူး အခုဘာတွေလုပ်နေတာလဲ မိဖုရားသစ်တင်မြှောက်မဲ့ကိစ္စတွေက ဘာတွေလဲ "

" ထိုင်ပါအုံး မယ်တော့်ရဲ့နှစ်ယောက်မရှိတဲ့သားတော်လေးရယ် လာ လက်ဖက်ရည်ကြမ်းလေးငှဲ့ပေးမယ် "

မဏ္ဍိုင်တစ်ယောက် သူ့စိတ်ကိုအသာလျော့ပြီး ဝင်ထိုင်လိုက်ပေမယ့် မယ်တော်ငှဲ့ပေးသည့်လက်ဖက်ရည်ကြမ်းကိုတော့ မသောက်ဖြစ်ခဲ့။

" သားတော်က သိပ်မကြာခင် ရူယန်းရဲ့ဘုရင်တစ်ပါးဖြစ်လာတော့မှာလာတော့မှာလေ "

" ဒါကို ကျုပ်သိပြီးသားပါ မယ်တော် အဲ့ဒါနဲ့ကျုပ်အတွက်မိဖုရားတော်ကောက်ဖို့ကိစ္စနဲ့ဘယ်မှာသက်ဆိုင်နေလို့လဲ "

" ဒီလိုကိစ္စမျိုးဟာ မယ်တော်တို့ဘက်က လိုက်ပြီးစီမံနေရမဲ့ကိစ္စတော့မဟုတ်ဘူး ဒါပေမယ့် သားတော်က ငြိမ်နေတော့ ဒီမယ်တော်နဲ့ကြင်ယာတော်မင်းသမီးကပဲ စီမံပေးရတော့တာပေါ့ "

" မယ်တော့်ဆန္ဒတွေထဲ ခင်ခင့်ကိုပါ ဆွဲမထည့်ပါနဲ့ ဘယ်မိန်းမက ကိုယ့်ယောင်္ကျားကို တခြားမိန်းမနဲ့အတူရှိနေစေချင်မှာတဲ့လဲ နောက်ပြီးခင်ခင်က ကျုပ်ရဲ့မျက်နှာကိုကြည့်ပြီး နေထိုင်နေရတဲ့ဇနီးသည်ပါ "

မယ်တော်မှာ မဏ္ဍိုင့်၏လက်လေးတစ်ဖက်ကိုအသာလှမ်းကိုင်ရင်း..

" ဒါပေမယ့် သူလက်ဆက်ထားတာ သာမာန်လူတန်းစားမဟုတ်ဘူးလေ ရူယန်းရဲ့မြင့်မြတ်တဲ့အရှင်သခင်တစ်ပါးကိုသူလက်ဆက်ထားတာလေ နောက်ပြီး တိုင်းပြည်ရဲ့မိခင်ဖြစ်လာရမဲ့သူက အဲ့လောက်ထိစိတ်သဘောထားသေးသိမ်နေလို့မရဘူး ဒါပေမယ့် ခင်ယွန်းဝတီက သဘောထားပြည့်ဝတဲ့ဘုရင်မ တစ်ပါးဖြစ်လာမှာမို့လို့ သားတော်ရဲ့မိဖုရားငယ်တော်ကောက်မဲ့ကိစ္စကို သူမငြင်းဆန်ခဲ့တာပေါ့ "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Wo Geschichten leben. Entdecke jetzt