Part 12

2.4K 76 4
                                    

အပိုင်း(၁၂)
Warning ❗❗

ရေတံခွန်ဘက်တွင် ခင်ခင် ရေကစားနေတုန်း လင်္ကာက အပြေးလေးရောက်လာသည်။

" အရှင့်သားရောက်နေပါတယ် "

" ဟင် အစ်ကိုတော်လား "

" အရှင့်သားမဏ္ဍိုင်ပါ "

မဏ္ဍိုင်ဆိုသည့်နာမည်လေးကြားရုံနဲ့ ခင်ခင့်မျက်နှာမှာ အရောင်တွေဝင်းလက်သွားလေသည်။

" ဘယ်မှာလဲဟင် "

" ပန်းဥယျာဉ်ထဲမှာ စောင့်နေပါတယ် အရှင်မလေး "

ဟီကူနဲ့မိန်းမပျိုလေးတွေရဲ့ အကူအညီဖြင့် ခပ်မြန်မြန်အဝတ်လဲကာ ပန်းဥယျာဉ်ဘက်ဆီ အပြေးလေးထွက်လာခဲ့မိသည်။
ထိုနေရာကိုရောက်တော့.. အရှင့်သား ရှိမနေ။
စီးတော်မြင်းအညိုကြီးကိုတော့ ပန်းဥယျာဉ်ဘေးတွင်ရှိသော ညောင်ပင်ခြေရင်းတွင် ကြိုးချည်ထားသည်။

မျက်လုံးလေးဝိုင်းကာ ရင်တဒိတ်ဒိတ်ဖြင့် ပန်းဥယျာဉ်အတွင်း ဝင်လိုက်တယ်ဆိုရင်ပဲ လက်ကို ဖမ်းဆွဲခံလိုက်ရသည်။

" အ့ ဘယ်သူလဲ "

" ရှူးးး ဘယ်သူလဲသိချင်လား "

ဒီအသံကို ခင်ခင် လုံးဝမှတ်မိပါသည်။

" အရှင့်သား! "

" ခင်ခင်က ဒီရက်ပိုင်းသတ္တိတွေသိပ်ကောင်းလာသလိုပဲ ကျုပ်နှလုံးသားကိုစိန်ခေါ်‌တတ်နေပြီ ဟုတ်ရဲ့လား "

မဏ္ဍိုင့်စကားကို အနှီချစ်စဖွယ် အမျိုးသမီးလေးခင်ခင်မှာ နားမလည်ဟန်ဖြင့် မျက်လုံးလေးပြူးဝိုင်းကာ မော့ကြည့်လေ၏။

ချစ်စရာ အသေးလေးကို တင်ပါးကနေပွေ့ချီလိုက်ကာ ပုခုံးပေါ်အဆင်ပြေသလိုပင့်တင်ထားလိုက်တော့ အထိတ်တလန့်ဖြင့် လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။

" အရှင့်သား မသင့်တော်ပါဘူး အောက်ကိုချပေးပါတော့နော် နောက်ပြီးခင်ခင်ကြောက်လည်းကြောက်တယ် "

" အပေါ်မှာနေရတဲ့ခံစားချက်က ဘယ်လိုလဲခင်ခင် "

မဏ္ဍိုင်မေးလိုက်လေတော့ အသံလေးတုန်တုန်ယင်ယင်ဖြင့်..

" အပေါ်စီးကနေ ကြည့်ရတာကို သဘောကျပေမယ့် ခင်ခင် အမြင့်ကြောက်တယ် အမြင့်ကိုတက်ရမှာကြောက်တာမဟုတ်ဘဲ တက်ပြီးတဲ့အမြင့်ကနေ ပြန်ကျလာမှာကို ကြောက်တာပါ "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now