အပိုင်း(၆-က)
Warning ❗စောင်းသံသဲ့သဲ့လေးဟာ တောင်နန်းမအဆောင်တော်တွင် ဆွေးဆွေးမြေ့မြေ့ထွက်ပေါ်နေသည်။
မောင်းမမိဿံတွေခြံရံလျက် ရေချိုးကန်လေးထဲမှာ အရှင်မကုမ္မာဝတီဟာ ကိုယ်လက်သန့်စင်နေလေသည်။" ဟီကူ ဒီနေ့ အဆောင်ကို အရှင်ကြွလာမယ်မဟုတ်လား "
" ဟုတ်ပါတယ်အရှင်မ "
မျိုးရိုးမြင့် အမျိုးနွယ်ကောင်းမှဆင်းသက်လာသည့် ကုမ္မာဝတီဟာ မာနထောင်လွှားခြင်းမျိုး အလျဉ်းမရှိဘဲ အခုချိန်တောင်ညာစံဘုရင်မအဖြစ် ရွေးချယ်တင်မြှောက်ထားခြင်းခံရချိန်မှာလည်း အခြွေရံမောင်းမများအပေါ် သနားညှာတာထောက်ထားခဲ့လေသည်။
" အိမ်ရှေ့စံမင်း ကြွလာပါတယ် အရှင်မ "
ကမန်းကတန်း အပေါ်ရုံအထည်ကို ကောက်ဝတ်ကာ ရှေ့တော်မှောက်တွင် အရိုအသေပြုလိုက်သည်။
" နေသာထိုင်သာရှိပါရဲ့လား နန်းပြင်မှာလို မလွတ်လပ်တော့တဲ့အတွက် မရီး အဆင်မပြေမှာစိုးရပါတယ် "
" မဟုတ်တာပါ ကျွန်မဒီနန်းမှာပျော်နေပါတယ် မင်းသား "
မျက်လုံးတွေကို ဘယ်လိုမှညာလို့မရဘူးဆိုသည့်စကားဟာ သိပ်မှန်ပါသည်။
အရှင်မကုမ္မာဝတီကိုကြည့်နေသည့် အရှင်စောနိုင်းရဲ့ မျက်လုံးတွေဟာ ချစ်စိတ်တွေဖြင့်ပြည့်လျှံနေသည်ကို ဟီကူမ အတပ်သိပါသည်။" ဒါဆိုရင် ပြန်ခွင့်ပြုပါအုံး မရီးတော် "
" ကောင်းပါပြီ မင်းသား "
နှစ်ဦးသားအပြန်အလှန်အရိုသေပေးလိုက်ကြပြီး အရှင်စောနိုင်းမှာ ပြန်ကြွသွားလေသည်။
" အရှင်မ!! "
နန်းဆောင်အတွင်းသို့ အပြေးတစ်ပိုင်းဖြင့် ဝင်လာလေသော မိန်းမပျိုလေးကိုမြင်တော့ ရေတစ်ခွက်အသင့်ခပ်ခိုင်းလိုက်သည်။
" ရေသောက်ပြီးမှ ဆက်ပြောချေတော့ "
ဟီကူပေးသည့်ရေကို ကမန်းကတန်းသောက်ကာ သူသိလာသည့်အကြောင်းအရာကိုပြောဖို့ အားယူနေသည်။
" အရှင်မင်းမြတ်က နောက်ထပ်မိန်းကလေးတစ်ယောက်ကို တော်ကောက်လာပြီ အရှင်မ "

YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗