Part 13

2K 84 13
                                    

အပိုင်း(၁၃)

ခုနှစ်ဆောင်နန်းတစ်ခုလုံး အပ်ကျသံပင် မကြားရလေအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ခင်ခင်နဲ့အတူအိပ်စက်နေသော မဏ္ဍိုင်ဟာလည်း စိတ်လက်ပေါ့ပါးစွာဖြင့် အိပ်မောကျနေပြီး စိတ်လှုပ်ရှားရလွန်းလို့ အခုထက်ထိ အိပ်မပျော်နိုင်ဖြစ်နေရသူကတော့ ခင်ခင်ပါပဲ။

မဏ္ဍိုင်ပထီရဲ့မျက်နှာကို လက်ချောင်းလေးဖြင့် တို့ထိကိုင်တွယ်နေရင်း နှုတ်ခမ်းနေရာသို့အရောက်မှာတော့ ခင်ခင့်လက်ချောင်းလေးမှာ ဖမ်းချုပ်ခံလိုက်ရလေ၏။

" ဘာလို့မအိပ်သေးတာလဲခင်ခင် အိပ်မပျော်ဘူးလား "

" ဟို.. အိပ်မယ်ကြံတိုင်း ရင်တွေအဆက်မပြတ်တုန်ယင်နေလို့ အခုထိအိပ်မရသေးတာပါ "

မဏ္ဍိုင်သက်ပြင်းချလိုက်ပြီး ခင်ခင့်ခန္ဓာကိုယ်လေးအား ကိုယ်ပေါ်တင်လိုက်သည်။

" မဏ္ဍိုင်! "
ဒီနေ့တစ်နေကုန် ခင်ခင်က မဏ္ဍိုင်ပထီကို အရင်လို အရှင့်သားဟုမခေါ်တော့ဘဲ မဏ္ဍိုင်ဟုသာ ခေါ်ဆိုလေ၏။
တစ်ခါတစ်ခါ မောင်လို့ပင် ချစ်စနိုးခေါ်တတ်ပါသေးသည်။

" ကျုပ်ပေါ်မှာအိပ်ရတာမကြိုက်ဘူးဆိုရင် ခင်ခင့်ပေါ် ကျုပ်တက်အိပ်မယ် "

" အို.. "

" မအိုနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါတော့ တစ်နေကုန်လျှောက်သွားထားရတာမလား အခုချိန်အနားယူလိုက်ပါတော့ "

ခင်ခင်ခေါင်းလေးညိမ့်ပြလိုက်ပြီး အပေါ်ပိုင်းဗလာကျင်းနေသော မဏ္ဍိုင့်ရင်အုပ်ပေါ်သို့ ခေါင်းကို လဲချလိုက်သည်။

မဏ္ဍိုင်မှာလည်း မိမိအပေါ်ရောက်နေသည့်ခင်ခင့်ဆံနွယ်လေးတွေအား ထိကိုင်ဆော့ကစားနေကာ အပေါ်အောက်သပ်ချပေးနေမိ၏။

အချိန်သိပ်ပြီးမကြာလိုက်.. မဏ္ဍိုင့်ရင်အုပ်ပေါ်သို့ လေပူနွေးနွေးလေးတွေအခိုးလာရိုက်ကာ အသက်ရှုသံမှန်မှန်လေးဖြင့် ခင်ခင်တစ်ယောက် အိပ်ပျော်သွားခဲ့လေပြီ။

မျက်စိကြောင်ပြီးအိပ်မရဖြစ်သွားသည့်မဏ္ဍိုင်မှာ ခင်ခင်မနိုးစေရန် မလှုပ်မယက်ငြိမ်နေရင်း ရောက်တတ်ရာရာစဉ်းစားနေတုန်း နန်းဆောင်အတွင်းသို့ ဒုန်းစိုင်းစီးနင်းဝင်ရောက်လာသည့်မြင်းခွာသံကို ကြားလိုက်ရသည်။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now