အပိုင်း (၂၀-ခ)
" အရှင်မ ကြင်ယာတော်ရောက်လာပါပြီ "
အထိန်းတော်ရဲ့စကားကြောင့် ကုတင်ထက်လှဲလျောင်းနေသော အရှင်မမှာ အပျိုမယ်များရဲ့အကူအညီနဲ့ အသာအယာထလာလေသည်။
" အရှေ့နန်းမိဖုရားက ဘာအတွက်ကြောင့် ကျွန်ုပ်ဆီ လာရသလဲ "
ကြင်ယာတော်နဲ့အတူ မိမိအား အရိုသေပေးနေသော မိဖုရားစန္ဒီကိုမြင်လိုက်ရသည်မို့ ထိုသို့မေးလိုက်မိခြင်းပင်။
" ထွေထွေထူးထူးအကြောင်းပြချက်တော့မရှိပါဘူး ကျွန်ုပ်က ကြင်ယာတော်နဲ့အတူ အရှင်မကို ဂါရဝလာပြုတာပါ "
နှစ်ယောက်စလုံးအား သင့်လျော်သလိုနေရာချပေးလိုက်ပြီး ခေါ်လိုက်ရသည့်အကြောင်းကိစ္စကိုပြောရန် ပဏာမအစပျိုးလိုက်သည်။
" ကျွန်ုပ်ဒီနေ့ ကြင်ယာတော်နဲ့တိုင်ပင်ဆွေးနွေးစရာရှိပါတယ် အဲ့ဒါကတော့ အိမ်ရှေ့စံကို နောက်ထပ်မိဖုရားတွေ တော်ကောက်နိုင်ဖို့အတွက် ကျွန်ုပ်နဲ့ကြင်ယာတော်က စီစဉ်စရာရှိတာလေးတွေစီစဉ်ဖို့ပါပဲ "
ထိုစကားကြောင့် လက်ဖက်ရည်ထည့်ထားသည့်ကြွေခွက်ကလေးအား ကိုင်ထားသောခင်ခင့်လက်အစုံဟာ တုန်ယင်လာခဲ့တော့သည်။
တစ်ခါတစ်ရံ မင်းမျိုးမင်းနွယ်ဖြစ်ရသည်ကို သိပ်ပြီးစိတ်ပျက်မိသည်။
ကိုယ်ချစ်မြတ်နိုးသည့် ခင်ပွန်းယောင်္ကျားကို နောက်ထပ်မိဖုရား တော်ကောက်ဖို့မပြောနှင့် အပျိုမယ်မိန်းကလေးတွေနဲ့တောင် ရင်းရင်းနှီးနှီးမရှိစေချင်သည်မှာ မှန်သောစိတ်ရင်းစကားပါ။
" ကြင်ယာတော်ဘက်က ဘယ်လိုသဘောရပါသလဲ "
အရှင်မရဲ့ အမေးကို ခင်ခင် ပြန်မဖြေတတ်ပါ ပြန်လဲမဖြေချင်ပါ။
" ဟို.. "
" ရှင်ဘုရင်တစ်ပါးမှာ ကြင်ယာတော်မိဖုရားခေါင်ရယ် ဆောင်ရနန်းရမိဖုရားတွေရယ် အခြားသောမောင်းမမိဿံတွေရယ် အားလုံးပြည့်စုံလေမှ တန်ခိုးအရှိန်အဝါပိုလို့ပင် ကျော်ဇောလေတယ် ပထီဟာ နန်းမတက်ခင် အနည်းဆုံး မိဖုရား သုံးယောက်လောက် တင်မြှောက်ထားဖို့လိုအပ်တယ် "
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗
