အပိုင်း(၁၅)
Warning ❗❗ခပ်သေးသေးအဆောက်အအုံလေးရဲ့အတွင်းတွင် ခင်ခင်နဲ့စောနိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာဖက်ထားပြီး မျက်ရည်များကြားက စကားတွေတဝကြီးပြောနေခဲ့ကြသည်။
ထိုမှအပြန် နန်းတော်မှာရှိသည့် ခင်ခင့်နန်းဆောင်အတွင်းတွင် အတန်ကြာထိုင်နေမိပြီး လင်္ကာ ရောက်အလာကို လည်တဆန့်ဆန့်ဖြင့်မျှော်နေရသည်။
" ခင်ခင် အိပ်နှင့်လိုက်ပါတော့လားကွယ် လင်္ကာ့ကို ဟီကူမ ဆက်စောင့်ပေးနေလိုက်ပါ့မယ် အခုလိုမအိပ်ဘဲနေတာမြင်တော့ ရင်ထဲတကယ်ကိုမကောင်းလို့ပါ "
" ဟင့်အင်း လင်္ကာနဲ့စကားပြောပြီးမှ ခင်ခင်အိပ်နိုင်မယ် အစ်ကိုတော်ကလည်း သွားခေါ်တာ ကြာလိုက်တာ မဟုတ်မှ လမ်းခရီးမှာ တစ်ခုခုများ.. "
ခင်ခင့်စကားပင်မဆုံးသေး နန်းဆောင်ရဲ့တံခါးမကို လာခေါက်သည့်အသံကြောင့် ဟီကူကိုဖွင့်ခိုင်းစေလိုက်သည်။
" ဟင် အရှင်မ! "
ကြမ်းပြင်နဲ့ခေါင်းကို တစ်သားတည်းကျအောင် ဟီကူထိကပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။" မယ်တော် ဒီအချိန်ကြီး ဘာကိစ္စရှိလို့များလဲ "
" မင်းသားနဲ့လက်ဆက်ရမှာဆိုတော့ ခင်ခင့်ဘဝလုံခြုံမှုရှိသွားပါပြီ စိတ်ထဲဘာမှစိုးရိမ်မနေလေနဲ့ ဟုတ်ပြီလား "
" ဟင့်အင်း မယ်တော် ခင်ခင် မင်းသားဟထီပိုင်ကို လက်မထပ်နိုင်ဘူး "
သိသိသာသာပျက်ယွင်းသွားသည့် ဘုရင်မစန္ဒကူး၏မျက်နှာအား ဟီကူ အနောက်ကနေ သတိထားမိလိုက်၏။
" ခင်ခင့်ဘဝကောင်းစားဖို့အတွက်ပဲလေ အခုလိုမျိုး စွန့်ပစ်နန်းဆောင်မှာ အပယ်ခံအဖြစ်နဲ့တစ်သက်လုံးနေသွားမလို့လားကွယ် "
မယ်တော်စန္ဒကူး၏စကားအား ခင်ခင်ဘာလိုတုံ့ပြန်ရမလဲမသိဖြစ်နေချိန် လင်္ကာမှာနန်းဆောင်အတွင်းခပ်သုတ်သုတ်ဝင်လာ၏။
" သင်က ဘယ်သူလဲ ခင်ခင့်အနားမှာ အတူရှိနေတာမတွေ့မြင်မိသလိုပဲ "
" ဟို မယ်တော် သူက အစ်ကိုတော်ပို့ထားတဲ့မိန်းမပျိုပါ ခင်ခင့်အပါးခစားနေတာ သိပ်တော့မကြာသေးပါဘူး "
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗