Part (7-A)

2.6K 90 10
                                    

အပိုင်း(၇-က)

အရင်နေ့များကလို နန်းဆောင်ဟာ တိတ်ဆိတ်မနေဘဲ ဆူညံပွတ်လောရိုက်နေသည်။
ခပ်တိုးတိုးစကားပြောသံများဟာလည်း ခင်ခင့်နားထဲ အသည်းယားစရာကောင်းအောင် တိုးဝင်နေပေမယ့် ဘာပြောနေမှန်းတော့ သဲသဲကွဲကွဲမကြားရ။

ခေါင်းအထိလုံအောင်ခြုံထားသောစောင်ကို ဆွဲချွတ်လိုက်ပြီး မွေ့ယာပေါ်ငုတ်တုပ်ထထိုင်လိုက်ကာ သဲ့သဲ့ကြားနေရသည့်အသံတွေကို နားစွင့်လိုက်သည်။
သို့ပေမယ့်လည်း.. သဲသဲကွဲကွဲမကြားရပြန်။

" ဟီကူရေ ဟီကူ.. "

ခင်ခင်လှမ်းခေါ်လိုက်တော့ အခန်းထဲကို ဟီကူမဟုတ်ဘဲ မိန်းမငယ်လေးတစ်ယောက်ပြေးဝင်လာ၏။

" ဟီကူဘယ်မှာလဲ "

" သခင်မလေး နန်းဆောင်ထဲမှာလူသတ်မှုဖြစ်သွားလို့ပါ "

" ဟင်!! "

အပေါ်ရုံအထည်ကို ကမန်းကတန်းကောက်ခြုံကာ အခင်းဖြစ်ပွားသည်ဆိုသော ပန်ပျို့အခန်းသို့ ခင်ခင်ထွက်ကြည့်ဖို့လာလျှင် မိန်းမငယ်လေးမှာ သွားမကြည့်ဖို့အတန်တန်ပြော၏။

" ဟင် ခင်ခင် ဘာလို့ဒီအောက်ဆင်းလာရသလဲ "

သုံးထပ်မြောက်တွင် စစ်သည်တပ်သားများ စုအုံနေပြီး နန်းဆောင်အတွင်းရှိ မိန်းမငယ်လေးတွေကို တစ်ယောက်ချင်းစစ်ဆေးမေးမြန်းနေသည်။

" ပန်ပျို့ ပန်ပျို့ဘာဖြစ်လို့လဲဟင် "

" ခင်ခင်!! သခင်မလေး!! "

ဟီကူတို့ အတင်းဆွဲသော်လည်းမရ။
ရှေ့တွင်ရှိသောတပ်သားတွေနား ရောက်သွားပြီး ပန်ပျို့ရဲ့သေဆုံးမှုကို သွားမေးမြန်းနေလေသည်။

" မနေ့ညက အသတ်ခံလိုက်ရတာ လက်ထဲမှာ ဒီပုလင်းလေးတော့တွေ့မိတယ် "

" ဟင်! "
တပ်သားလှမ်းပေးလာသည့် လက်တစ်ညှိုးအရွယ် ဖန်ပုလင်းအကြည်လေးအား ဖင်တစ်ပြန်ခေါင်းတစ်ပြန် လှည့်ကြည့်နေမိသည်။

" လောလောဆယ် ဒီနန်းဆောင်အတွင်းမှာ ကျွတ်လွတ်ပွဲတော့လုပ်ရမယ် အားလုံးသတိဝီရိယနဲ့ နေထိုင်ကြပါလို့ မှာချင်ပါတယ် "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Tempat cerita menjadi hidup. Temukan sekarang