အပိုင်း(၁၄)
" သမီးတော်ခင်ခင့်အတွက် ကျွန်ုပ် ယောင်္ကျားကောင်းတစ်ယောက်ကို တွေ့ဆုံထားပါတယ် အရှင် "
ဘုရင်မစန္ဒကူးမှာ ရေပန်းဥယျာဉ်တော်တွင် အနားယူနေသော ဘုရင်ဟန်နိုင်းအား ထိုကိစ္စကို လျှောက်တင်လိုက်သည်။
" မိဖုရားက ဘယ်သူနဲ့သင့်လျော်မယ်လို့ သတ်မှတ်ထားတာပါလဲ "
အရှင့်ရဲ့ စကားကြောင့် စန္ဒကူးမှာ အားတက်သရောဖြင့်..
" ဟထီပိုင်လို့အမည်ရတဲ့ ရူယန်းမင်းသားတစ်ပါးပါ အရှင် "
ရူယန်းဆိုသည့်စကားကြောင့် ဘုရင်ဟန်နိုင်းမှာ စန္ဒကူးကိုချက်ချင်းလှမ်းကြည့်၏။
ခင်ယွန်းဝတီလို မိန်းကလေးတစ်ယောက်ဟာ အဘက်ဘက်ပြည့်စုံနေသည့် မင်းသားတစ်ပါးအတွက် ခြေတော်တင်ရုံလောက်ပဲ အဆင့်အတန်းရှိသည်မဟုတ်ပါလား။
နောက်ဆုံး ရာထူးအနေနဲ့ပေးရမည်ဆိုလျှင် ကိုယ်လုပ်တော်၊မောင်းမအဆင့်လောက်သာ မျှော်မှန်းလို့ရမည်ဖြစ်တာကြောင့် စန္ဒကူး၏စကားတွင် ဟန်နိုင်းအလွန်အံ့အားသင့်နေမိသည်။" မဖြစ်နိုင်တာတွေမပြောစမ်းနဲ့မိဖုရား မင်းသားဟထီပိုင်က ခင်ယွန်းဝတီကို လက်ထပ်ဖို့မပြောနဲ့ မြင်ရုံနဲ့တင် လှည့်ထွက်သွားမည့်အနေအထားမဟုတ်လား ဒါတောင်မိဖုရားက ဘာလို့အားတက်သရောနဲ့မျှော်လင့်နေတာပါလဲ "
" မင်းသားဟထီပိုင်က ကျွန်ုပ်ဆီခွင့်တောင်းထားပြီးသားပါအရှင် ကျန်တဲ့ကိစ္စကို သူ့ဖာသာဆက်လုပ်မယ်လို့ တပါတည်း မှာကြားသွားပါသေးတယ် "
စန္ဒကူးထပ်ပြောလိုက်တော့ ဘုရင်ဟန်နိုင်းမှာ သက်ပြင်းဖွဖွကြည့်ပြီး..
" မိဖုရားအဆင်ပြေမယ်ထင်ရင် သင့်သလိုစီမံပါ သို့ပေမယ့် နှစ်နိုင်ငံချစ်ကြည်ရေးကိုပျက်ပြားစေနိုင်မည့် ကိစ္စမျိုးဆိုရင်တော့ မိဖုရားရဲ့အပြစ်အတွက် ကြိုတင်စဉ်းစားထားဖို့လိုပါလိမ့်မယ် "
" စိတ်ချပါအရှင် "
နန်းတော်သို့ပြန်ကြွသွားသည့်အရှင့်ကို စန္ဒကူးငေးစိုက်ကြည့်နေရင်း စိတ်တွင်းမှတီးတိုးရေရွတ်မိသည်။
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗