အပိုင်း(၂၅-က)
" ထင်တော့ ထင်ထားခဲ့ပါတယ် ဟထီပိုင်လိုကောင်မျိုးက ခွေးလောက်တောင် ကျေးဇူးတရားနားမလည်တဲ့ အောက်တန်းစားမျိုးရိုးဖြစ်နေတာကြောင့် ဒီလိုလုပ်တာမဆန်းပါဘူး ဒါပေမယ့် သူ့အကြံတွေမအောင်မြင်စေရဘူး "
ထိုသို့ပြောပြီး ခဏအကြာတွင် အစ်မတော်အား နှုတ်ဆက်ကာ ဘုရင့်နန်းဆောင်ဆီ သုတ်ခြေတင်လိုက်သည်။
" တစ်ယောက်ယောက်တွေ့ခွင့်လာတောင်းသေးလား "
" မလာပါဘူးအရှင့်သား "
" ကောင်းပြီ ဒီနန်းဆောင်ပတ်ပတ်လည်ကို သေချာစောင့်ကြည့်ထားကြ နောက်တစ်ခု တာဝန်လဲရင် လဲမဲ့တပ်ဖွဲ့ကို ဒီနန်းဆောင်ဆီအရင်လာရောက်စေဖို့ပြီးမှ စက္ကန့်ပိုင်းအတွင် တာဝန်လဲခြင်းပြီးဆုံးပါစေ "
" အမိန့်အတိုင်းပါ အရှင့်သား "
စက်တော်ခေါ်ချိန်ဖြစ်တာကြောင့် နန်းဆောင်အတွင်းပိုင်းအထိ ဝင်မသွားတော့ဘဲ အိပ်ဖန်စောင့်နှင့်တော်ဝင်တပ်များကိုသာ သတိကြီးကြီးထားရန် မှာကြားခဲ့လိုက်ပြီး မြို့ရိုးစောင့်တပ်ဖွဲ့ကိုခေါ်ကာ ဟထီပိုင်၏နန်းဆောင်ဆီ စစ်သည်အလုံးအရင်းဖြင့် ဖမ်းဆီးဖို့ထွက်လာခဲ့လိုက်သည်။
" အရှင့်သား ယခုချက်ချင်းပဲ ထွက်ပြေးပုန်းရှောင်ပါတော့ "
ဟထီပိုင်မှာ ရတက်မအေးဖြစ်စွာဖြင့် နန်းဆောင်ဝန်းအတွင်း ရှေ့လျှောက် နောက်လျှောက်ပြုနေတုန်း ကိုယ်ရံတော်တပ်မှူးဆီမှ ရေးကြီးသုတ်ပြာဖြင့် ထိတ်လန့်စရာစကားကြောင့် နေရာမှာတင် ကြောင်ရပ်နေမိတော့၏။
" အိမ်ရှေ့မင်း မဏ္ဍိုင်ပထီက အရှင့်သားဆီ စစ်သည်အလုံးအရင်းနဲ့လာတွေ့တာဟာ ကောင်းသောလာခြင်းမျိုးနဲ့တော့ ဟုတ်ဟန်မရပါဘူး ဒါကြောင့်အမြန်ဆုံးထွက်ပြေးပုန်းရှောင်ဖို့လိုအပ်ပါတယ် "
ဟထီပိုင်ဟာ ငယ်စဉ်ကတည်းက သရဲဘောကြောင်သူဖြစ်သည့်အပြင် လက်ရုံးရည်မရှိ ဖြတ်ထိုးဉာဏ်လည်းမရှိတာကြောင့် ယခုချိန်တွင် ထွက်ပြေးတိမ်းရှောင်ဖို့ကိုသာ စဉ်းစားမိလိုက်သည်မှာ သူကိုယ်တိုင် ငရဲတွင်းထဲခုန်ဆင်းလိုက်သလိုပင်ဖြစ်လာတော့သည်။
![](https://img.wattpad.com/cover/362253288-288-k519165.jpg)
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗