Part 5

3.5K 113 11
                                    

အပိုင်း(၅)

Warning ❗ ညစ်ညမ်းစကားလုံးများပါဝင်သည်။

ရာရာစစခန်းဆောင်တံခါးမကို လာဖွင့်သူအားအပြစ်ပေးရန် ခင်ခင်လှမ်းကြည့်လိုက်သည့်အချိန်မှာတော့..

" အရှင့်သား!! "

အပေါ်ရုံအထည်အား ခါးစည်းကြိုးချည်နှောင်ထားခြင်းမရှိတာကြောင့် အရှင့်သားရဲ့ ဝမ်းဗိုက်နေရာတွင်ရှိနေသော ကြွက်သားအဖုအထစ်တွေကို ခင်ခင် အတိုင်းသားမြင်နေရသည်။

" ဟီကူ အပြင်ထွက်လိုက် ကျုပ် ခင်ခင်နဲ့စကားတွေပြောစရာရှိတယ် "

အရှင့်သားရဲ့အမိန့်ကြောင့် ဟီကူမှာ အရိုသေပေးပြီးထွက်သွားရလေသည်။

" ဘယ်လိုနေလဲ နေရောင်ခြည်တိုက်ရိုက်ထိတဲ့အချိန် မေ့လဲတတ်မှန်းဘာလို့ကြိုမပြောရတာလဲ ခင်ခင် "

" အဲ့တာက ခပ်ငယ်ငယ်ကဖြစ်ခဲ့ဖူးတာပါ အခုအသက်ကြီးလာတော့ အဆင်ပြေလောက်မယ်ထင်ပြီး.. "

ခင်ခင်ဆက်ပြောမည့်စကားတစ်ချို့ဟာ အပေါ်ရုံအထည်အား ချွတ်ချနေသည့်အရှင့်သားကြောင့် ရပ်တန့်သွားရသည်။

" ဟို.. ဘာလို့ဝတ်ရုံကိုချွတ်လိုက်ရတာလဲဟင် "

" မကြာခင်သိရမှာပါ ကျုပ်အနားကိုလာခဲ့ ခင်ခင် "

လေသာပြတင်းနားမှာ မတ်တပ်သွားရပ်နေသည့် အရှင့်သားက သူ့အနားကိုလာဖို့လှမ်းခေါ်သည်။

အခုမှ ခင်ခင် သတိထားမိသည်က..။
ဒီနေ့ဟာ လပြည့်နေ့ပင်။

အနားကိုရောက်လာသည့် ခင်ခင့် ကိုယ်လုံးလေးအား မဏ္ဍိုင်လှမ်းဆွဲဖက်လိုက်သည်။

" အို.. "

" ကျုပ်ကျောက ကျိန်စာဟာ အခုလိုလပြည့်နေ့ လရောင်တိုက်ရိုက်ထိတဲ့အချိန်ဆိုရင် ယာယီပြယ်ပျက်သွားစေတယ် "

ဟုတ်ပါရဲ့။
ခင်ခင် အခုမှပဲ သတိထားမိတော့၏။

" ခင်ခင့်ကျိန်စာယာယီပြယ်နိုင်တဲ့အချိန်ကို ထိုပညာသည်မိန်းမက ဘယ်လိုပြောသွားသလဲ သိချင်ရဲ့လား "

ခေါင်းကိုအဆက်မပြတ်ခါယမ်းနေသည့် ခင်ခင့်ကို ကြည့်ကာ မဏ္ဍိုင်စိတ်လွတ်ကိုယ်လွတ်ပြုံးရယ်မိသည်။
မယ်တော်သေဆုံးသွားသည့်အချိန်ကစပြီး အရယ်အပြုံးမရှိတော့လေတာ အခုချိန်ခင်ခင့်ကြောင့် နောက်တစ်ကြိမ်ရယ်ပြုံးနေမိ၏။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now