အပိုင်း(၇-ခ)
" သူက ဘယ်သူလဲ ဟီကူ "
ဟီကူဘေးတွင် ခပ်ကုတ်ကုတ်လေးရပ်နေသော မိန်းကလေးအားလက်ညှိုးထိုးပြကာ ခင်ခင်မေးလိုက်သည်။
" သူ့နာမည်က စောရှင်တဲ့ ဘုရင်မစန္ဒကူးလွှတ်ပေးလိုက်တဲ့အပျိုမယ်ပါ "
" အော်.. ကောင်းပါပြီ ဒါနဲ့စောရှင် ညည်း စာဖတ်တတ်လား "
" စောရှင်ဖတ်တတ်ပါတယ်သခင်မလေး "
" ကောင်းပြီလေ ဒါဆိုအတော်ပဲ အခုငါစာဖတ်ချင်နေတာ အနားကိုလာခဲ့ "
စောရှင်မှာ ခင်ခင်ထိုင်နေသည့်ကုတင်အောက်တွင် ခပ်ရို့ရို့လေးထိုင်ပြီး ကမ်းပေးလာသည့် စာအုပ်ကိုယူလိုက်ကာ စတင်ဖတ်ရှုဖို့ပြင်သည်။
" ခင်ခင် အိပ်ပျော်သွားရင် စာအုပ်ကိုစားပွဲပေါ်တင်ပြီး ပြန်တော့ ဟုတ်ပြီလား "
သစ်သီးတွေတင်ထားသော စားပွဲခုံအပုလေးကို လက်ညှိုးထိုးပြလိုက်သည်။စောရှင်ဖတ်ပြပြီးမကြာလိုက်..။
ခင်ခင်တစ်ယောက် အိပ်ပျော်သွားချေပြီ။စောရှင်မှာလည်း ဘုရင်မစန္ဒကူး ခိုင်းသလို ကုမ္မာဝတီ၏ဒိုင်ယာရီရေးမှတ်ထားသည့်စာအုပ်အဟောင်းလေးအား အခန်းတွင်းမွှေနှောက်ရှာဖွေခဲ့သည်။
" တွေ့ပြီ! "
ထိုစာအုပ်ကို စာအုပ်စင်အနောက်တွင် စောရှင်တွေ့လိုက်ရတာကြောင့်ဝမ်းသာရွှင်ပျစွာဖြင့် ချည်အင်္ကျီရဲ့အတွင်းပိုင်းသို့ ခပ်မြန်မြန်ထိုးထည့်ကာ အောက်ဆင်းဖို့ပြင်သည်။" စောရှင်!! "
အနောက်ဘက်ကနေကြားလိုက်ရသည့် သခင်မလေးရဲ့အသံကြောင့် စောရှင်တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်အသွင်ဖြစ်သွားခဲ့ရ၏။
" ဟုတ်ကဲ့ ပြောပါသခင်မလေး "
" ပြန်တော့မလို့လား မေးမလို့ပါ ခင်ခင့်ကို ဘယ်နှနာရီလဲပြောသွားပေးပါအုံး "
ထိုခေတ်အခါက ရေနာရီကိုအသုံးပြုကြတာကြောင့် သတ်မှတ်ထားသည့်အမှတ်ကိုကြည့်ကာ အချိန်နာရီကို တိတိကျကျပြောနိုင်သည်။
" ၁၁နာရီတိတိရှိပါပြီ သခင်မလေး "
" ကောင်းပြီ သွားခါနီး ရေနာရီထဲရေဖြည့်သွားခဲ့ပေးအုံး "

ESTÁS LEYENDO
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasíaAvailable 📌 Unicode & Zawgyi adult scenes ❗❗