အပိုင်း(၂၄)
ရူယန်းဘုရင်မမှာ ထိုအကြောင်းများအား ပြန်လည်တွေးတောနေမိရင်း သူမရှေ့တွင် သားရဲဆန်ဆန် အကြည့်စူးစူးများဖြင့် စိုက်ကြည့်နေသော သားတော်ကို တဖန်ပြန်လှမ်းကြည့်မိ၏။
" ကျုပ်မယ်တော့်အပေါ် တစ်ခါလေးတောင်မှမေတ္တာမပျက်ခဲ့ပါဘူး ဒါဟာလည်း မေတ္တာအပြည့်ပေးခဲ့တဲ့မယ်တော့်ကြောင့်ပါပဲ ဒါကြောင့် နှစ်အတော်ကြာချည်နှောင်ထားခဲ့ကြတဲ့ သားအမိသံယောဇဉ်တွေကို ဘာမဟုတ်တဲ့အရာတစ်ခုအတွက်နဲ့ ပျက်ပြားမခံပါနဲ့ ကျုပ်ဘဝမှာ မယ်တော်ပြီးရင် ခင်ခင့်ကိုအချစ်ဆုံးပါ အဲ့ဒီလိုအမြဲတမ်းဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် ဘယ်တော့မှမျက်နှာချင်းမဆိုင်နိုင်တော့မဲ့ လူနှစ်ယောက်အဖြစ် အသွင်ပြောင်းဖို့မကြိုးစားပါနဲ့မယ်တော် ဒီစကားကို စကားအဖြစ်ပဲသတ်မှတ်နေမယ်ဆိုရင်တော့ မယ်တော်ကျိန်းသေပေါက် ခံစားရမဲ့ဖြစ်ရပ်တစ်ခုကို ကျုပ်ဖန်တီးရလိမ့်မယ် "
" မယ်တော်စီစဉ်သမျှတိုင်းဟာ သားတော်အတွက်ပါ သားတော်ဟာ မယ်တော့်ရဲ့သားအရင်းမဟုတ်ပေမယ့် တစ်ခါလေးမှ အချစ်မလျော့ခဲ့သလို တကယ့်စိတ်ရင်းမေတ္တာတရားနဲ့သာ ပြုစုပျိုးထောင်ခဲ့တာပါ "
" ကျုပ်အတွက် တကယ်စဉ်းစားပေးတယ်ဆိုရင် အခုလုပ်နေသမျှတွေကို ရပ်တန်းက ရပ်ပေးပါ ကျုပ်အတွက် နောက်ထပ်မိဖုရားတွေထပ်မလိုသလို ရင်သွေးမရခဲ့လဲအကြောင်းမဟုတ်ဘူး အဓိကက ခင်ယွန်းဝတီစိတ်ပျော်ရွှင်နေရင် ရပြီ ရှေ့လျှောက်လာမဲ့နေ့ရက်တွေမှာ မယ်တော်စောင့်ကြည့်နိုင်ပါတယ် ကျုပ်ခင်ခင့်အပေါ်ထားတဲ့မေတ္တာကို ဘေးလူကပါ အားကျပြီးမနာလိုဖြစ်ရလေအောင် သူ့တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိပေါင်းသင်းသွားမယ် "
" သားတော်က အရပ်သားတစ်ယောက်မဟုတ်ဘူးနော် "
မဏ္ဍိုင်ပထီမှာ သူ့ခါးကြားတွင်ထိုးထည့်ထားလေသော လက်စွဲတော်ဓားရှည်အား စားပွဲပေါ်သို့တင်လိုက်လေကာ..
" ဘုန်းတန်ခိုးကြီးတဲ့ရှင်ဘုရင်တစ်ပါးအတွက် မိဖုရားအမြောက်အမြားရှိနေစရာမလိုအပ်ပါဘူးမယ်တော် ဆက်ခံသူရဖို့အတွက် မိဖုရားတစ်ပါးရှိရင်လုံလောက်ပါပြီ အကယ်၍များ အဲ့ဒီ့မိဖုရားက ဆက်ခံသူမျိုးဆက်ကိုမမွေးပေးနိုင်မှသာ နောက်ထပ်မိဖုရားတစ်ပါးတင်မြှောက်တာမျိုးက ယုတ္တိရှိနိုင်ပါတယ် ဒါကြောင့် မဖြစ်မနေဆိုတဲ့စကားဟာ ရှင်ဘုရင်တစ်ပါးရဲ့ရာဇဝင်မှာ မရှိပါဘူး "
BINABASA MO ANG
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗