Part 21-B

1.3K 60 4
                                    

အပိုင်း(၂၁-ခ)

နန်းဆောင်ထဲ ရတက်မအေးဖြင့် ရှိနေသော ခင်ခင်မှာ ဘယ်အရာကိုမှ အာရုံမစိုက်နိုင်ဖြစ်နေရလေသည်။

အကြောင်းမှာ မယ်တော့်နန်းဆောင်ဆီ ဒုတိယအခေါက်ပြန်ထွက်သွားသည့် မဏ္ဍိုင့်ကိုမျှော်ငေးရင်း မိဖုရားငယ်နှင့် အတူရှိနေမလား စိတ်ပူပန်နေရတာပဲဖြစ်လေ၏။

" မျက်နှာလဲမကောင်းပါလား အစ်မတော် "

အသံကြောင့် နန်းဆောင်ရှေ့ လှမ်းကြည့်မိလေတော့ အခြွေရံများဖြင့် ခင်ခင့်ကို အရိုအသေပေးနေသော အငယ့်ကိုမြင်လိုက်ရသည်။

" အငယ် "

" မိဖုရားငယ်ကိစ္စကြောင့် စိတ်ပင်ပန်းနေတာလား "

ခေါင်းကိုအသာအယာညိမ့်ပြလိုက်မိတော့ အငယ်ကပါ သက်ပြင်းချသည်။

" အိမ်ရှေ့မင်းသားရဲ့ဆန္ဒကရော ဘယ်လိုရှိသလဲ "

" မဏ္ဍိုင်ကတော့ သဘောမတူဘူးပြောပေမယ့်.. "

" ဒါများ အစ်မတော်ရယ် မင်းသားက ကိုယ့်ဘက်ရှိနေတာပဲ စိတ်ပင်ပန်းခံလို့ တွေးမနေပါတော့နဲ့ "

" ဟုတ်တော့ဟုတ်ပေမယ့် ဘယ်လိုမှစိတ်မအေးနိုင်ဘူး မဏ္ဍိုင့်ကိုမယုံကြည်လို့တွေးပူနေတာတော့မဟုတ်ပေမယ့် သူလဲ ဘယ်အချိန်ထိ ငြင်းဆန်နိုင်မှာတဲ့လဲ တစ်နေ့နေ့မှာ တခြားမိဖုရားတစ်ပါးကို သူမြတ်နိုးသွားမိခဲ့ရင် ဘာဆိုဘာမှမပြည့်စုံတဲ့ ခင်ခင့်ကို သူပစ်ပယ်ထားလိမ့်မလား "

တစ်ကိုယ်တည်း သံသယစိတ်တွေ၊စိုးရိမ်စိတ်တွေနဲ့ကြီးစိုးနေသူအား မိဖုရားစန္ဒီမှာ ထွေးဖက်နှစ်သိမ့်ပေးမိသည်။

" မယ်တော့်သဘောအတိုင်းဖြစ်စေရမယ်လို့ ဘရဏီ့ဘက်က အာမခံသလို ကတိလည်းပေးပါတယ် "

ယန်းပိုင်နန်းဆောင်အတွင်းရှိ ဥယျာဉ်တော်တွင် နှစ်ဦးသားသဘောတူညီမှုယူနေကြသည်မှာ ဘုရင်မနှင့်မိဖုရားငယ် ဘရဏီပင်ဖြစ်၏။

" သားတော်ပါလား "

" မင်းထွက်သွား မယ်တော်နဲ့ငါ အရေးတကြီးပြောစရာရှိတယ် "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Wo Geschichten leben. Entdecke jetzt