Part 19

1.8K 82 4
                                    

အပိုင်း(၁၉)

ဟထီပိုင်မှာ သူခေါ်သွင်းလာသည့်လူနှစ်ယောက်အား သီးသန့်အဆောင်တွင်ထားရှိပြီး ခပ်သုတ်သုတ်ပြန်ထွက်လာလေလျှင် မိဖုရားစန္ဒီအား အမှတ်မထင်ဝင်တိုက်မိလေသည်။

" အာ့!! "

" တောင်းပန်ပါတယ် မိဖုရားကို ကျွန်ုပ်မမြင်မိလို့ပါ ဒါနဲ့ ဘယ်နန်းဆောင်ဆီကြွမလို့ပါလဲ "

ဟထီပိုင်၏ စကားကိုလျစ်လျူရှုစွာဖြင့် အခြွေရံများ ရံခြံလျက် ဟထီပိုင်နှင့်ဆန့်ကျင်ဘက်အရပ်သို့ ကြွသွားလေသည်။

" ဘယ်လိုတောင် ရာဇမာန်တင်းနေရတာပါလဲ ချစ်ရတဲ့မိဖုရားရယ် ကျုပ်အပိုင်ဖြစ်လာမှ အခုလိုဆက်ဆံနိုင်အုံးမလား စောင့်ကြည့်ပါမယ် "

နှုတ်မှတီးတိုးရေရွတ်ရင်း ဟထီပိုင်မှာ သူ၏နန်းဆောင်သို့ ပြန်ကြွလာခဲ့တော့သည်။

မိဖုရားစန္ဒီဟာ အစ်မတော်ကြင်ယာတော်မင်းသမီးနှင့် စကားစမြည်ပြောဆိုကြဖို့ရာ ထွက်လာခဲ့ပေမယ့် နန်းဆောင်အတွင်း မည်သူမျှမဝင်စေရန် အိမ်ရှေ့စံမှ အမိန့်ပေးထားသည်ကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရလေတော့၏။

" အားးး ယားတယ်လို့ ဘယ်တွေလာကိုင်နေရတာလဲ "

ခြေဖဝါးပြင်ဟာ ခင်ခင့်ရဲ့အားနည်းချက်ပါပဲ။
လက်လေးနဲ့ဖွဖွပွတ်ဆွဲလိုက်တယ်ဆိုရင်ပဲ တွန့်လိမ်နေတတ်သည်မှာ ကလေးပေါက်စလေးအတိုင်းပင်။

" အိပ်ရအောင်လို့ ဘာလို့ ဒီမျက်လုံးကြီးက ပြူးကျယ်နေရတာလဲ မနက်ဖြန်မှာ နိုင်ငံအတွင်းတိုင်းခန်းလှည့်လည်ဖို့ရှိသေးတယ်လေ အိပ်ရေးပျက်လို့မကောင်းဘူး တော်ကြာမလှတော့ဘဲဖြစ်သွားမယ် "

" မလှရင် မချစ်တော့ဘူးလား "

" မချစ်တော့ဘူး "

လှုပ်ရှားနေသမျှ အရာအားလုံးဟာ ခေတ္တရပ်တန့်သွားပြီး နေရာမှာတင် တောင့်တောင့်လေးရှိနေသည်။

" ခင်ခင် ခင်ခင် "

" အဟင့် အနားမကပ်နဲ့ "

" အလကားကျီစယ်လိုက်တာလေ ဘာကြောင့်ငိုရတာလဲ ကျုပ်အချစ်ကိုအခုချိန်ထိ သံသယရှိနေတာလား ခင်ခင် "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now