အပိုင်း(၁၁)
အရှင့်သားနဲ့ ဒုတိယအကြိမ် ကာမဆက်ဆံပြီးချိန်မှာတော့ ခင်ခင့်စိတ်နှလုံးဟာ အလုံးစုံတိမ်းညွှတ်ယိမ်းယိုင်လာခဲ့သည်။
" အရှင့်သား "
" ပြောပါ ခင်ခင် ကျုပ်နဲ့လိုက်ခဲ့မလို့လား "
" ဟင့်အင်း လမ်းခရီးမှာ အစစအရာရာဂရုစိုက်ပါလို့ပြောချင်လို့ပါ "
မြင်းပေါ်တက်ခါနီး မဏ္ဍိုင်ပြန်လှည့်လာကာ ခြေစုံရပ်နေသည့် ခင်ခင့်အနားလျှောက်လာလိုက်သည်။
" ကျုပ်ကို ချစ်တယ်လို့ပြောပါအုံး "
" အရှင့်သားကို ခင်ခင် ချစ်ပါတယ် "
မဏ္ဍိုင်ဝတ်ရုံအတွင်းမှ တံဆိပ်ပြားကို ခင်ခင့်လက်ထဲထိုးထည့်ပေးလိုက်ကာ နဖူးပြင်လေးအား ဖွဖွနမ်းလိုက်သည်။
" ကျုပ်နန်းဆောင်အထိ ဘေးမသီ၊ရန်မခဘဲ အရောက်လာနိုင်တဲ့အထိ တန်ဖိုးကြီးတဲ့အရာပါ ဒီလောက်ဆို ခင်ခင်က ကျုပ်အတွက်ဘယ်လောက်ထိအရေးပါသလဲဆိုတာ သိသင့်တယ် "
လက်ထဲက တံဆိပ်ပြားလေးကို ခင်ခင်ငုံ့ကြည့်နေရင်း ခေါင်းညိမ့်လိုက်သည်။
ထွက်သွားသည့်အရှင့်သားကျောပြင်အား အတန်ကြာငေးစိုက်ကြည့်နေရင်း မျက်ရည်များဟာ ပိုးပိုးပေါက်ပေါက်ကျလာရ၏။
ရင်ထဲ ဘာကြောင့်ဝမ်းနည်းနေသလဲ အတိအကျမသိပေမယ့် အရှင့်သားမရှိတဲ့နေ့ရက်များဟာ လွမ်းရက်ရှည်တွေပါပဲ။
" အရှင်မလေး "
အနားသို့ရောက်လာသည့်လင်္ကာကြောင့် မျက်ရည်တွေကိုခပ်ကြမ်းကြမ်းဖိသုတ်လိုက်ကာ တစ်ဖက်လှည့်လာလိုက်သည်။
" ငိုထားတာလားဟင် "
" ဟင့်အင်း မဟုတ်ပါဘူး "
မရမက ဖုံးကွယ်နေရင်း တော်ဝင်ရထားလုံးတစ်စီး နန်းဆောင်ထဲဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
" ကိစ္စရှိလို့လားဟင် "
ဘုရင့်လက်ဝဲရံ ကုန်းကုန်းကို ခင်ခင်မေးလိုက်လေတော့ အပြုံးနုလေးဖြင့် ခေါင်းညိမ့်ပြသည်။
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗