Part 23

1.3K 53 8
                                    

အပိုင်း(၂၃)

ကချေသည်မိန်းမပျိုလေးရဲ့အိမ်ပတ်ပတ်လည်တွင် ရူယန်းတပ်သားအစောင့်အရှောက်များဟာ လျှို့ဝှက်စွာဖြင့် ရှိနေလေသည်။

အိပ်ခန်းလေးအတွင်းမှာလည်း ချွေးစေးချွေးပေါက်များ သည်းစွာစီးကျနေရင်း နာကျင်မှုဝေဒနာကို အံကြိတ်သည်းခံနေလေသော မိန်းမပျိုလေးရဲ့ နံဘေးတွင် နန်းတွင်းအပျိုတော်တချို့နှင့် ဆေးဆရာတွေပါရှိနေ၏။

နောက်တစ်နေ့သို့ကူးပြောင်းသွားလေပြီဖြစ်သော အချိန်ကာလတစ်ခု။

အချိန်အားဖြင့် မနက် တစ်နာရီစွန်းစွန်းလောက်ရှိလောက်ပေမည်။

ရုတ်ချည်းဆိုသလို မိုးကောင်းကင်တစ်ခွင်ဟာ မနက်ခင်း နေ့အလင်းရောင်အလား ခေတ္တမျှပကတိလင်းထိန်သွားလေကာ ယခုလေးတင်ပဲ အမိဝမ်းတွင်းမှ ပြင်ပလောကဆီ ရောက်ရှိလာခဲ့လေသော ဘုရင်လောင်းလျာလေးတစ်ပါးမှာ စူးရှပြင်းထန်စွာဖြင့် စတင်ဟစ်ငိုလာလေတော့သည်။

အခန်းအတွင်းရှိရှိသမျှ လူအားလုံးမှာ ဆေးဆရာ၏လက်ထဲတွင်ရှိနေသော နီတျာရဲ ကလေးငယ်လေးအား ဦးညွှတ်အရိုသေပေးကြလေသည်။

" မင်းဟာတာဝန်ကိုအကောင်းဆုံးကျေပွန်အောင်ထမ်းဆောင်ခဲ့ပါတယ် ရူယန်းနိုင်ငံရဲ့ပထမဆုံးသောမင်းသားတစ်ပါးကို အောင်မြင်စွာနဲ့မွေးဖွားပေးနိုင်ခဲ့ပါပြီ "

ကုတင်ထက်တွင် မျက်ရည်များဖြင့် သားဖြစ်သူအား ကြင်နာမှုအပြည့်ဖြင့် ကြည့်နေလေသော ကချေသည်မိန်းမပျိုလေးအား ဆေးဆရာမှာထိုသို့ပြောလာ၏။

ထိုအချိန်လေးအတွင်း နန်းတော်ဆီသို့ထိုသတင်းအား သွားရောက်ပေးပို့လေသည့် အထောက်တော်မှာ ရူယန်းဘုရင်မင်းမြတ်ရှေ့တွင် ဝမ်းမြောက်နေသော မျက်နှာအသွင်အပြင်ဖြင့်...

" သားတော်လေးကို အောင်မြင်စွာ မွေးဖွားသန့်စင်ပြီးမြောက်ခဲ့ပါပြီ မိန်းမငယ်လည်းကျန်းကျန်းမာမာရှိနေပါတယ် အရှင် "

ဘုရင်ထီလာဝိုင်ချာမှာ ဝမ်းသာပျော်ရွှင်လွန်းလှ၍ မျက်လုံးအိမ်အတွင်းမှ မျက်ရည်များပင် စီးဆင်းလာရလေကာ ခါးတွင်ပတ်ထားလေသည့် ရွှေအတိပြီးသော ေရွှခါးစည်းကြိုးရှည်အား သတင်းလာေရာက် ပေးပို့လေသောအထောက်တော်အား ပေးအပ်ချီးမြှင့်ခဲ့လိုက်ပြီး နန်းတွင်းအကြံပေးအမတ်အချို့နှင့် ရူယန်းတစ်ပြည်လံုးက အားကိုးယုံကြည်နေရသည့် ကြမ္မာဟောဆရာကြီးတို့ကို ယခုချက်ချင်းပင် သွားရောက်ပင့်ဖိတ်စေလိုက်သည်။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now