Part 9

2.3K 76 3
                                    

အပိုင်း(၉)

ညနေစောင်းအချိန်အခါသမယဟာ ခင်ခင့်အတွက် ဘယ်လိုမှစိတ်ပျော်ရွှင်ဖွယ်ရာမရှိဖြစ်နေသည်။
နန်းဆောင်ကိုကြွလာသော မယ်တော်စန္ဒကူးမှာ ခင်ခင့်ရဲ့အသုံးအဆောင်ပစ္စည်းတိုင်းကို စစ်ဆေးမှုများပြုလုပ်နေသည့်အပြင် ဟီကူမှလွဲ၍ ခုနှစ်ဆောင်နန်းတွင်ရှိရှိသမျှအစောင့်တပ်သား၊မိန်းမပျိုအားလုံးကို သူမ၏လက်အောက်မှ လူများဖြင့်အစားထိုးနေခဲ့၏။

" မယ်တော် မိန်းမပျိုတွေကတော့ အရင်လူတွေပဲရှိပါစေလား "

ခင်ခင်မျက်နှာလေးညှိုးနွမ်းကာပြောလိုက်လေတော့ မယ်တော်စန္ဒကူးမှာ ခင်ခင့်ခေါင်းကိုဖွဖွလာထိကိုင်လေသည်။

" ဒီလောကဟာသိပ်ကိုရှုပ်ထွေးလှတယ် ခင်ခင်.. မယ်တော်စေလွှတ်ပေးလိုက်တဲ့မိန်းမပျိုနှစ်ယောက်က ဒီနန်းမှာရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် နောက်အလှည့်က ခင်ခင့်အလှည့်မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ "

ခင်ခင့်ဘဝကို ခင်ခင်ဘယ်တော့မှ မပိုင်ခဲ့ပါ။
ဒီလူက ဝင်စီမံလိုက်... ဟိုလူက ဝင်ရောက်အသုံးချလိုက်ဖြင့် ဒီအသက်အရွယ်ရောက်တဲ့အထိ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဟူ၍ ချခွင့်မရှိခဲ့။

" ဒီအစောင့်အရှောက်တပ်သားတွေကြောင့် ခင်ခင်စိတ်လေးနေမှာမျိုးလုံးဝမဖြစ်စေရဘူးလို့ မယ်တော်အာမခံတယ် နောက်ပြီးမိန်းမပျိုတွေအားလုံးဟာ စနစ်တကျလေ့ကျင့်ပေးထားတဲ့သူတွေဖြစ်တာကြောင့် အရင်ကထက် ခင်ခင်အဆင်ပြေလာပါလိမ့်မယ် "

" အရှင်မ အစီအစဉ်ကို ကျွန်ုပ်သဘောမတူပါဘူး ဒီခုနှစ်ဆောင်နန်းရဲ့ကိစ္စအဝဝကို စီမံခွင့်ရှိတဲ့သူက ကျွန်ုပ်ပါပဲ အဲ့တာကြောင့် အရှင်မရဲ့တပ်သားတွေနဲ့အပျိုမယ်တွေကိုပြန်လည်ခေါ်ဆောင်သွားပါ "

" အစ်ကိုတော်!! "

ဂနိုင်းရဲ့စကားကြောင့် ဘုရင်မစန္ဒကူးမှာ မျက်နှာပျက်ယွင်းသွား၏။

" မင်းသားကပဲ စီမံခွင့်ရှိတာမှန်ပေမယ့် ကျွန်ုပ်ကလည်း ခင်ခင့်ကောင်းကျိုးကိုသာ လိုလားတဲ့သူပါ မယ်တော်အရင်းမဟုတ်ပေမယ့် ခင်ခင်ဟာ ကျွန်ုပ်ရဲ့အစ်မတော်ကုမ္မာ့သမီးဖြစ်တာကြောင့် ကျွန်ုပ်သမီးရင်းနဲ့ထပ်တူထပ်မျှချစ်မြတ်နိုးရပါတယ် ဒါကြောင့်.. "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now