အပိုင်း(၂)
လောကတစ်ခွင်တိတ်ဆိတ်နေသလောက် မဏ္ဍိုင်ပထီစံမြန်းသည့်အနောက်နန်းဆောင်မှာတော့ဖြင့် ပွတ်လောရိုက်နေသည်။
မဏ္ဍိုင်ဟာ ရူယန်းနိုင်ငံရဲ့အိမ်ရှေ့စံဘွဲ့အပြင် ကာမဘုရင်ဟူသည့် ဘွဲ့ကိုပါ ပူးတွဲရရှိထားသူဖြစ်ပြီး အတူပါလာသည့် မိတ်ဆွေအပေါင်းအသင်းတွေမှာလည်း စရိုက်တူ ၊ အကျင့်တူဖြစ်၏။ဆေးတံရှည်ကို ပါးစပ်မှာခဲကာ တပ်သားပြောခဲ့သည့် ထိုအကြောင်းကိုပဲ အက်ကြောင်းထပ်အောင်စဉ်းစားနေမိရင်း ပေါင်ကြားထဲမှ အမျိုးသမီးကို ခပ်ဝေးဝေးသွားဖို့ပြောလိုက်ပြီး နောက်တစ်ယောက်ကို အခစားဝင်ခိုင်းလိုက်၍ ပြုစုစေသည်။
မည်သည့်အမျိုးသမီးနဲ့မှ ကာမဆက်ဆံတာမျိုးမရှိခဲ့သော်လည်း မဏ္ဍိုင်ရဲ့ ဒစ်ဟာ အပျော်မယ်တော်တော်များများရဲ့ အာခံတွင်းထဲ မကြာခဏစိမ်ဖူးနေပြီးသားဖြစ်၏။
မျက်စိရှေ့မှာမြင်နေရသည့် လူနှစ်ယောက်ကာမဆက်ဆံနေမှုကြောင့် ထိုမြင်ကွင်းအားရှောင်လွှဲဖို့ရာ အိပ်ဆောင်အပြင်ဘက်ဆီထွက်လာခဲ့လိုက်သည်။
ကိုယ်ပေါ်တွင်လွှားခြုံထားသည့် ဝတ်ရုံမှာ ကြိုးစည်းများအကုန်ဖြည်ချထားတာကြောင့် မဏ္ဍိုင့်တစ်ကိုယ်လုံးအား လုံစေရန်အဖို့ငှာ မစွမ်းနိုင်ခဲ့။
ခါးအောက်ပိုင်းအတွက် ဘောင်းဘီရှည်လည်းဝတ်ဆင်ထားခြင်းမရှိတာကြောင့် မဏ္ဍိုင်၏ရှည်လျားတုတ်ခိုင်လှသည့်ဒစ်ဟာ ပါးလွှာသည့် ဝတ်ရုံအောက်တွင် ထင်းထွက်နေလေသည်။
" အရှင်စေခိုင်းလိုက်တဲ့ တပ်သားပြန်ရောက်လာပါပြီ "
တရိုတသေပြောလာသည့် လက်ရုံးတော် ရမ်းနွတ်ကိုလက်ကာပြလိုက်ပြီး တပ်သားရှိသည့်နေရာကို မဏ္ဍိုင်ကပဲ ရောက်အောင်သွားလိုက်သည်။
" မင်းသိသမျှ အကုန်အစင်ပြောလေတော့! "
ယာယီနန်းရဲ့ပုလ္လင်တွင် မဏ္ဍိုင်ခြေချိတ်ထိုင်ကာ အကြောင်းစုံကိုလျှောက်တင်စေသည်။
" မိုးသောက်ချိန်ဆို ခုနှစ်ဆောင်နန်းဆီ အစားအသောက်လှည်း ပုံမှန်ပို့ပါတယ်အရှင် အဲ့ဒီ့အချိန်တစ်ချိန်ပဲ ဂိတ်တံခါးဖွင့်တာကြောင့် စုန်းမနဲ့တွေ့ချင်တယ်ဆိုရင်တော့ဖြင့် ထိုအချိန်က အကောင်းဆုံးပါပဲ "
BẠN ĐANG ĐỌC
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
Viễn tưởngAvailable 📌 Unicode & Zawgyi adult scenes ❗❗