အပိုင်း(၂၈)
ဟထီပိုင်၏အမှုကိစ္စဖြင့်အပြီးမသတ်နိုင်သေး.. ချက်ချင်းဆိုသလို နန်းတက်ပွဲအခမ်းအနားကို စီစဉ်လိုက်လေသည့် ခမည်းတော်ကြောင့် မဏ္ဍိုင်ပထီမှာ ငြင်းဆန်ချိန်တောင်မရခဲ့ပေ။
နေ့ချင်း၊ညချင်း နိုင်ငံရဲ့အာဏာအရှိဆုံး ဘုရင်ဆိုသည့်ရာထူးကြီးအား ပုခုံးပြောင်းထမ်းလိုက်ရချိန်မှာတော့ နိုင်ငံတစ်ခုလုံး၏အရေးကိစ္စမှန်သမျှဟာ မဏ္ဍိုင့်ခေါင်းပေါ်ကျရောက်လာရတော့သည်။
ဟထီပိုင်ပုန်ကန်သည့်ကိစ္စကြီးအား ခမည်းတော်ကို ပေးသိထားခြင်းမရှိတာကြောင့် နန်းတက်ပွဲတွင်မရှိသော သားငယ်ဖြစ်သူကို မေးမြန်းလို့နေ၏။
“ ဟထီပိုင် ဘယ်သွားလို့နေလဲ ”
“ နန်းပြင်မှာရှိကောင်းရှိနေပါလိမ့်မယ် ဒီရက်တွေထဲမှာ ခမည်းတော်သဘောမတွေ့နိုင်လောက်မဲ့ အမှုတစ်ခုကိုကျူးလွန်ထားတာဖြစ်လို့ သူ့ဘက်က ခမည်းတော်ကို မျက်နှာပြဖို့ ရွံ့နေလောက်မှာပါ ”
“ သူအဆင်ပြေပြေရှိနေရင်ရပါပြီ ဟထီပိုင်က ဆိုးသွမ်းတဲ့ကလေးတစ်ယောက်တော့မဟုတ်ပေမယ့် တစ်ခါတစ်ရံတော့ အပြစ်ကျူးလွန်တာမျိုးတွေရှိမှာပါပဲလေ.. သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် သားတော်ဘက်က ဘုရင်တစ်ပါးအနေနဲ့လုပ်သင့်တဲ့အရာလုပ်ခဲ့တာကို အပြစ်မပြောလိုပါဘူး ဒါပေမယ့် .. အစ်ကိုကြီးတစ်ယောက်အနေနဲ့တော့ ညီတော်ဖြစ်တဲ့ဟထီပိုင်ကိုပစ်မထားပါနဲ့လို့ ခမည်းတော်က မှာချင်တယ် ဒီမိသားစုကြီးတစ်ခုလုံးကို သားတော်ကာကွယ်စောင့်ရှောက်ပေးရမယ် ”
မဏ္ဍိုင်ပထီမှာ ခမည်းတော်ပြောနေသည့်စကားများကို အသာငြိမ်နားထောင်နေရင်း သက်ပြင်းတစ်ချက်ချ၏။
•
ရူယန်းနိုင်ငံအတွင်းက မထင်မရှားဈေးတန်းလေးတစ်ခုရဲ့ ချောင်ကျသောလမ်းကြားနေရာတွင် ယောင်္ကျားနှစ်ယောက်ရှိနေသည်။
ထိုယောင်္ကျားနှစ်ယောက်လုံးဟာ ရူယန်းပြည်သားတွေမဟုတ်သည့်အပြင် သူတို့၏မျက်နှာအနေအထားအား တစ်စုံတစ်ယောက်မြင်သွားမည်ကိုစိုးတာကြောင့် ခြုံထည်ဖြင့်မျက်နှာအားဖုံးအုပ်ကာ ဈေးလမ်းကြားနေရာမှာ ပုန်းသျှိုးကွယ်သျှိုး တွေ့ဆုံနေ၏။
ŞİMDİ OKUDUĞUN
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantastikAvailable 📌 Unicode & Zawgyi adult scenes ❗❗