Part 8

2.5K 84 13
                                    

အပိုင်း(၈)

ပကတိငြိမ်သက်နေသည့် ကန်ရေပြင်ဟာ စိမ်းပြာခြင်းအတိဖြင့် အလွမ်းဓာတ်ခံရှိနေသော ခင်ခင့်ကို ညှို့ယူနေသည်။
နေဝင်ခါနီးအလှတရားရဲ့အလင်းဖျော့ဖျော့အသွေးရောင်တွေဟာ ခင်ခင့်ရဲ့အလှတရားကိုတော့ ဖုံးကွယ်သွားစေခြင်းငှာ မစွမ်းနိုင်။

" ခင်ခင် "

ခင်ခင်ထိုင်နေသည့်နေရာနဲ့ခပ်လှမ်းလှမ်းကနေ ဟီကူက လှမ်းခေါ်သည်။

" ဟီကူ လာခဲ့လေ "

ခင်ခင့်ခွင့်ပြုချက်ရလေတော့ ဟီကူမှာအပြေးလေးဖြင့် အနားရောက်လာ၏။

" ကိစ္စရှိလို့လား "

" ဟို.. "

" ဘာကိစ္စရှိနေလို့လဲဟီကူ ခင်ခင့်ကိုပြောပြလို့ရပါတယ် "

" အရှင့်သားရောက်နေပါတယ် "

" ဟင် ဘယ်သူလဲ "

ခင်ခင်မှာ ဟီကူ့ကိုမေးခွန်းပြန်ထုတ်နေတုန်း..

" ဟီကူ တစ်နေရာရာမှာ သွားရှောင်နေပေးပါ "

ခင်ခင့် နားကိုတောင် မယုံကြည်နိုင်ဖြစ်သွားရသည်။
ဒီအသံက...။

ဂနိုင်းရဂုံကို အလည်အပတ်ရောက်လာကြသော အိမ်ရှေ့စံ၊မင်းညီမင်းသားအားလုံးမှာ ဒီနေ့ နေ့လည်လောက်ကတည်းက တိုင်းပြည်အသီးသီးကိုပြန်သွားကြပြီဖြစ်တာကြောင့် ဒီအသံဟာ ခင်ခင်နားကြားလွဲတာများလား။

" ကျုပ်ကို မတွေ့ချင်လို့လားခင်ခင် ဘာကြောင့်တစ်ဖက်လှည့်နေရတာလဲ "

တကယ်တော့ ခင်ခင်မလှည့်ကြည့်ရဲခဲ့တာပါ။
အကယ်၍ ထင်သလိုမဟုတ်ခဲ့ရင် ပိုပြီးခံစားသွားရမှာဖြစ်တာကြောင့် မဝံ့မရဲကျောခိုင်းထားမိခြင်းပါပဲ။

" အရှင့်သား "

" ကျုပ် သိပ်လွမ်းနေတာ ခင်ခင် "

ခင်ခင်လှည့်လာတာနဲ့တစ်ပြိုင်နက် အရှင့်သားမှာ တင်းကျပ်စွာ လာပွေ့ဖက်သည်။

" ကျုပ်ကို မလွမ်းဘူးလားခင်ခင် ကျုပ်မှာတော့နေ့တစ်ဝက်နဲ့တင် ရူးတော့မလိုပဲ "

အရှင့်သားမှာ ခင်ခင့်ရဲ့နားဖျားလေးနား ခပ်တိုးတိုးဆိုလေတော့ တစ်ကိုယ်လုံးတွင်စီးဆင်းနေသည့်သွေးများဟာ ပြောင်းပြန်စီးဆင်းနေသလား အောက်မေ့သွားရ၏။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now