Part 3

3.3K 100 26
                                    

အပိုင်း(၃)

ရူယန်းနိုင်ငံအတွက် ချပေးထားသည့် ပုလ္လင်တွင် မဏ္ဍိုင်ခြေချိတ်ထိုင်လိုက်ပြီး အတူပါလာသည့်ရမ်းနွတ်အား အပေါ်ရုံကတ္ထီပါပိုးဝတ်ရုံအား ဆောင်ယူထားစေလိုက်သည်။

မဏ္ဍိုင့်မျက်နှာဟာ အနည်းငယ်ခက်ထန်နေပြီး နန်းရင်ပြင်မှာရှိနေကြသည့် လူအားလုံးကို ဝေ့ကြည့်နေလိုက်သည်။
မဟာမိတ်နိုင်ငံများကြားတွင် အဘက်ဘက်မှအင်အားကြီးမားလှသည့် ရူယန်းနိုင်ငံအား မည်သည့်နိုင်ငံကမှ အာခံခြင်းမျိုးမပြုနိုင်ကြသည့်အပြင် ကြင်ယာတော်အား စိတ်ကြိုက်ရွေးချယ်ခွင့်ရှိနိုင်သေးသည်။

တစ်ဖက်ခြမ်းတွင်ရှိနေသော မင်းသမီးတစ်စုအား နှုတ်ခမ်းကွေးရုံ မဏ္ဍိုင်ပြုံးပြလိုက်လေလျှင် အားလုံးရဲ့မျက်နှာလှလှတွေဟာ အနည်းငယ်ရှက်ရွံ့နေဟန်ဖြစ်သွား၏။

" ဒီနေ့မှာတော့ အားလုံးသိကြတဲ့အတိုင်း ခုနှစ်နိုင်ငံမဟာမိတ်စာချုပ်အတွက် အသီးသီးရောက်ရှိနေကြသလို နိုင်ငံအသီးသီးက မင်းသား/မင်းသမီးတွေအတွက် ကြင်ယာတော်အိမ်ထောင်ဖက်လောင်းလျာတွေ တွေ့ဆုံကြတဲ့ပွဲဆိုရင်လည်း မမှားနိုင်ပါဘူး ဒီနေ့မှာရေးထိုးကြမဲ့ မဟာမိတ်စာချုပ်ဟာဆိုရင်ဖြင့် နိုင်ငံတစ်ခုစီရဲ့ အကြီးအကဲများ‌ရှေ့မှာ အသင့်ရှိနေပါပြီ ဒါဆိုရင် အချိန်ဆွဲမနေတော့ဘဲ ကျုပ်တို့ဂနိုင်းရဂုံနိုင်ငံအပါအဝင် ကြွရောက်လာကြတဲ့ နိုင်ငံခြောက်နိုင်ငံက အကြီးအကဲများရဲ့ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို စတင်လိုက်ကြရအောင် "

အခမ်းအနားစင်မြင့်ထက်တွင်ရှိနေသော ဂနိုင်းရဂုံ၏ဘုရင်အား မဏ္ဍိုင်စိုက်ကြည့်နေခဲ့သည်။

အားလုံးတညီတညွတ်တည်းရေးထိုးပြီးသွားခဲ့ချိန်မှာတော့ သူ့စာရွက်ဒီရောက် ကိုယ့်စာရွက်ဟိုရောက်ဖြင့် မျက်စိရှုပ်စွာ မိန်းမပျိုလေးများက အလဲအလှယ်လုပ်ပေးနေ၏။

နန်းရင်ပြင်အပေါက်ဝဆီ ဟေဆရီရောက်လာမည့်အချိန်ကို မဏ္ဍိုင်စောင့်မျှော်နေပြီး မကြာခဏဆိုသလို လှမ်းလှမ်းကြည့်နေလေတော့ တစ်ဖက်နိုင်ငံမှ အိမ်ရှေ့စံမင်းသားများမှာ အရေးတယူမေးလာကြသည်။
" ရူယန်းမင်းသားက နန်းရင်ပြင်‌အပေါက်ဝဆီကို ဘာကြောင့်များခဏခဏကြည့်ရှုနေရပါသလဲ "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now