အပိုင်း(၂၇)
မဏ္ဍိုင်တို့ရောက်သွားလေလျှင် တစ်စုံတစ်ယောက်နှင့် အရေးတကြီးစကားပြောနေဟန်ရှိသော ဟထီပိုင်ကိုမြင်လိုက်ရသည်။
" လောလောဆယ် ဟထီပိုင်ကို မဖမ်းနဲ့အုံး သူနဲ့စကားပြောနေတဲ့မိန်းမကိုသာ ဖမ်းလာခဲ့ "
ထိုနှစ်ယောက်၏အခြေအနေကို စောင့်ကြည့်နေရင်း တပ်သားများအား ပြောနေလိုက်သည်။
ညနေစောင်းလောက်အချိန်ရောက်လာလေတော့ ထိုမိန်းမနောက်လွှတ်ထားသော တပ်သားများဟာ မဏ္ဍိုင့်ဆီ ပြန်ပြီးသတင်းလာပို့ကြလေပြီ။
" မြေအောက်အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်အရှင့်သား "
" ကောင်းပြီ သူ့ကို မရမက စစ်မေးထားလိုက် နောက်တစ်ကြိမ် ဟထီပိုင်ဘာဆက်လုပ်မလဲဆိုတာ သူ့ပါးစပ်ကမပြောမချင်း နည်းလမ်းပေါင်းစုံသုံးပြီးမေးမြန်းဖို့ ငါခွင့်ပြုတယ် "
" အမိန့်အတိုင်းပါအရှင့်သား "
တာဝန်တွေကြောင့်ပစ်ထားတာများနေပြီဖြစ်သော ကြင်ယာတော်ဆီ ဒီညတော့ စောစောရောက်အောင်သွားပြီး အတူလက်စုံစားကြရင်း ရောက်တတ်ရာရာစကားတွေကို မအိပ်မချင်းပြောကြမည်။
" အရှင့်မှာ ခင်ခင့်ကိုတစ်ခုခုဖုံးကွယ်ထားတာရှိနေတယ်လို့ စိတ်ထဲက ထင်နေမိတယ် "
" မဟုတ်တာပါ ခင်ခင်ရယ် ကျုပ်က ဘာလို့ဖုံးကွယ်ထားရမှာလဲ "
" မသိဘူးလေ စိတ်ထဲမှာ အမြဲတမ်းအဲ့လိုပဲတွေးထင်နေမိလို့ပါ "
" ကဲပါ အခုအိပ်လိုက်တော့နော် "
" ဘယ်သွားအုံးမလို့လဲ "
စိတ်ကသာ အမြဲအတူရှိနေချင်ပေမယ့် လက်တွေ့မှာ မဏ္ဍိုင်စီစဉ်ရမဲ့ကိစ္စတွေအများကြီးရှိနေသေးတဲ့အတွက်ကြောင့် မျက်နှာငယ်လေးနဲ့မော့ကြည့်နေသူကို မပီမပြင်ပြုံးပြလိုက်မိသည်။
" မသွားပါဘူး ကျုပ်ဒီဘေးနားမှာပဲရှိနေမှာပါ "
ကိုယ်ဝန်ဆောင်သည်လေးမို့လို့လားမသိ ပိုပြီးစိတ်အားငယ်နေပုံရသော ခင်ခင်ဟာ အရင်အချိန်တွေထက် မဏ္ဍိုင့်အနား ပိုကပ်ချင်နေသည်။
![](https://img.wattpad.com/cover/362253288-288-k519165.jpg)
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗