ပြီးရင် အကုန်ပျောက်ကွယ်ကြမှာပဲမလား
ယေဘုယျအားဖြင့်တော့
ဆိုးတဲ့အရာတွေဟာ စွဲစွဲမြဲမြဲသစ္စာရှိတတ်ပြီး
ကျကျနန ဒုက္ခပေးတတ်တယ်
ဥပမာ - ဆေးလိပ်က အဆုတ်ကို
အရက်က အသည်းကို...။အရောင်စုံဆင်မြန်းထားတဲ့ ညနေခင်းလိုလူရယ်
မျက်လုံးနှစ်ဖက်ကို
ချစ်ခြင်းပုဝါပါးပဲ ခပ်တင်းတင်းစည်းနှောင်တတ်တဲ့သူရယ်။ဒါဟာ ပုံမှန်ပဲမဟုတ်လား
ဆိုးတဲ့အရာတွေဟာ စွဲစွဲမြဲမြဲသစ္စာရှိပြီး
ကျကျနန ဒုက္ခပေးတယ်
ဥပမာ - ချစ်ခြင်းတရားက နှလုံးသားနဲ့ ဘဝကို။