မပေးဖြစ်ခဲ့သော စာများ (၄)

4 1 0
                                    

ဆံပင်တွေ ပိုရှည်လာတာတွေ့တယ်
ပိုပိုပြီးလည်း လှလာတယ်
အဲ့မှာ ခက်တာပဲ။

ဆိုင်တောင်မဆိုင်ခဲ့ရတဲ့လူက
မပိုင်လိုက်ရကြောင်း
စာလုံးတွေ သွန်ချမိတာလေ
စာရွက်တွေ ထပ်ပျိုးမိတာလေ
အရှက်မဲ့လှချည်လားဆိုပြီး ပြောရင်
တကယ်လည်းအရှက်မဲ့တာပဲ
ကျွန်တော့်မြေမှာ ဒီပန်းကို ဝေနေစေချင်လွန်း။

လမ်းကြုံပဲလက်ပြခဲ့ရတဲ့ကျွန်တော်တို့ဟာ
ညနေတကွေ့တော့ဆုံဖြစ်မယ်ထင်ရဲ့
အပေါင်းအသင်းတွေကြား
ကဗျာတအုပ်နဲ့အလှောင်ခံရတဲ့နေ့ရက်တွေပါပဲ
တန်ပါတယ်
ကိုယ့်အပူကိုယ်ရှာပြီး
ကိုယ့်ကဗျာနဲ့ကိုယ်ကြိုးကွင်းစွပ်တဲ့သူမှာ
မပျော်တော့တဲ့ တနေ့
စာတွေရေးပြီး သေပစ်ဦးမလို့။

Poems & Essays CollectionWhere stories live. Discover now