ညိုးရော်နေတဲ့ ဖိနပ်တွေ

7 1 0
                                    

အသက်ကြီးလာတာနဲ့အမျှ ပဲ့ကျကုန်တဲ့အစိတ်အပိုင်းတွေ တစထက်တစ ပိုများလာပုံပဲ။
အဲဒါကကို ဘဝဖြစ်မယ်ထင်တယ်။

ငါ ဒါတွေလုပ်နေလိုက်ရင်၊
ရပ်တန့်နေတာမျိုးမရှိဘဲ တမျိုးမဟုတ်တမျိုး ကြိုးစားကြည့်ခဲ့ရင်၊ 'ငါ့ဘဝကအဓိပ္ပာယ်မဲ့နေတယ်'လို့ ခံစားနေရတာတွေ တရက်ရက်မှာ ရပ်သွားနိုင်ကောင်းပါရဲ့ ဆိုပြီး ဆက်တိုက်လျှောက်နေခဲ့ပြီးတော့၊
တကယ့်တကယ်အချိန်တခုရောက်လို့ ဒါတွေ အရာရောက်စ,ပြုပြီထင်ပြီး ခဏရပ်လို့ပြန်လှည့်ကြည့်လိုက်တဲ့အခါကျ ..
ဘာတွေဖြစ်ကုန်သလဲ သိလား။
သိရဲ့လား။
အဆက်မပြတ်လှိုင်းပုတ်နေတဲ့ကမ်းစပ်မှာ နင်းဖြတ်လာခဲ့ရသလိုမျိုးပဲ။
ငါ လှမ်းခဲ့သမျှ ခြေရာတွေက တခုပြီးတခု မေးမှိန်ကျန်နေခဲ့တာကြောင့် ငါဘယ်ခြေလှမ်းကို ဘာစိတ်နဲ့ နင်းခဲ့မိလဲဆိုတာတောင် မမှတ်မိနိုင်တော့လောက်အောင်ပဲ။

"ငါ ဒီလိုနင့်နင့်နဲနဲ နင်းဖြတ်ခဲ့တာမို့၊
ဒီတလှမ်းကို လဲမတတ်အားစိုက်လှမ်းခဲ့ရတာမို့ အချိန်အခါတခုခုကို ရောက်သွားခဲ့ရင်၊
အဲ့အကြောင်းပြန်တွေးကြည့်ရင် ဒီစိတ်က ဘယ်မေ့နိုင်ပါလိမ့်မလဲ"
ဆိုပြီး ထင်ခဲ့ပေမဲ့ မှားတယ်။

ညစ်ရယ်ရယ်ပြီး လှိုင်းတွေကို ထိုင်ကြည့်ဖို့ပဲ ငါလုပ်နိုင်တော့သလိုမျိုး။
ဒီလိုနဲ့ ငါ လူကြီးဖြစ်လာတော့တာပဲ.. ကမ်းစပ်မှာ။

Poems & Essays CollectionWhere stories live. Discover now