မျှော်လင့်ချက်နဲ့ နိုးတဲ့မနက်ခင်း
ချစ်ခြင်းနဲ့ အလှဆင်တဲ့နေ့
မြတ်နိုးမှုတွေ ဆင်ယင်တဲ့ညနေခင်း
မေတ္တာတွေ ခင်းကျင်းတဲ့ည
အချစ်ဟာ အရာရာကိုအသက်ဝင်စေပါတယ်။ခေါင်းကိုမော့လိုက်တဲ့အခါ
မျက်စိရှေ့မှာ ကြယ်အစုအဝေးကြီး
ဂယ်လက်ဆီကပဲ ကိုယ့်ခေါင်းပေါ်ရွှေ့ခဲ့တာလား
ကိုယ်ကပဲအဲဒီစုဝေးအောက် တည့်တည့် လျှောက်မိခဲ့သလား။ကြယ်တပွင့်တည်းနဲ့တင်စားရာမှာ
ချစ်ခြင်းမေတ္တာဟာ ဘယ်လာပြီးလုံလောက်ပါလိမ့်မလဲ
ချန်းက ကြယ်အစုအဝေးလိုလူ
ကျွန်မဘဝထဲကို တလက်လက်တောက်ပပြီး ဝင်လာခဲ့တဲ့လူ။အဲဒီချန်းက
ကျွန်မရဲ့ချန်းက
မိုးပြာရောင် ဂျင်းဂျာကင်ကို မကြာခဏဝတ်လေ့ရှိပါသတဲ့။