မပေးဖြစ်ခဲ့သော စာများ (၅)

3 1 0
                                    

အဆင်မပြေတဲ့အကြောင်း
နေ့ရက်တွေခါးသီးနေပါကြောင်း
မနှင်းဆီကလေး ညိုးရော်နေကြောင်း
လေပြည်တွေက သယ်လာတယ်
တမာပွင့်ကလေးတွေက သယ်လာတယ်
ငုပန်းကလေးတွေဆီက ကြားနေရတယ်။

ဒီပုခုံးလည်း တဖက်လူ မလိုအပ်တော့
ဘယ်ညာသယ်ရင်း လျှောက်နေရုံ..၊
အရင်လို ဖိနပ်ဖြူလေးစီးတုန်းလား
လွယ်အိတ်စိမ်းလေး လွယ်တုန်းလား
မျက်လုံးလေးတွေ ပိတ်ကျသွားတဲ့အထိ
တိုးရှရှအသံနဲ့ ရယ်နေနိုင်ပါဦးမလား။

ကျွန်တော်လည်း
သံသရာလည်နေသရွေ့တော့ချစ်မိနေဦးမယ်ထင်ပါတယ်
ဘဝတွေရှိနေသရွေ့ပေါ့ မနှင်းဆီ
မဟုတ်ရင်လည်း ချစ်ခြင်းမေတ္တာ ဆက်ရှင်နေသရွေ့ပေါ့။

Poems & Essays CollectionWhere stories live. Discover now