ချစ်ခြင်းမေတ္တာ
ဝမ်းနည်းမှု
ပျော်ရွှင်ခြင်း
ပူဆွေးမှု
ဘယ်နှကြိမ် ဝင်တိုက်သည်ဖြစ်စေ
ဘယ်နှခါ ဝင်တိုးသည်ဖြစ်စေ
ငါတို့နှလုံးသားတွေက အားလုံးကို စုပ်ယူပစ်လိုက်ကြ။
အဲဒီမှာ လေးလံလာတာပဲ
အဲလိုနဲ့ လေးလံလာတာ။
နည်းနည်းလောက် ဖိလိုက်ရုံနဲ့
အထိမခံနိုင်တဲ့စိတ်ဟာ လျှံကျစိမ့်ထွက်
လေအလာမှာတောင် မပေါ့ပါးနိုင်တော့သူ ငါတို့ဟာ
ရေစုပ်ထားတဲ့ ရေမြှုပ်ဖော့တုံးတွေ။
17/08/2025
