ငါ့ကဗျာစာအုပ်လေး ပြန်ရောက်လာတယ်။
တကူးတက တံခါးလာခေါက်တဲ့လက်
အချိန်ကိုက်ထွက်တဲ့လ
ပြီးတော့ သဘာဝကျတဲ့ည
နွေရွက်တလက် ကြွေသက်အကျ
'ဟယ်လို မြခက်.. ကျွန်တော်ပါ' တဲ့။သူက အဝေးကြီးက
သူက
အလျော်အစားကြီးပြီး မနီးလှတဲ့ခရီး
အဲ့သလိုအဝေးကြီးက လာခဲ့ရပါတယ်..။ငါဘယ်လောက်တောင် မျှော်ခဲ့သလဲ
ငါဘယ်လောက်တောင် ခေါ်ခဲ့သလဲ
ပြောင်းလဲခြင်းမရှိခဲ့ဖူးတဲ့ ငါ့စိတ်နဲ့သူ့စိတ်ကို
ပထမဆုံးစကားအဟမှာတင် အလွတ်ရခဲ့ကြပေါ့။သူနဲ့ငါ မျက်နှာချင်းမဆိုင်ခဲ့လို့
ငါတို့ချင်းလည်းမဆိုင်ဖူးခဲ့
ငါတို့က (၃)နဲ့(၄)လိုမျိုး နီးနီးကပ်ကပ်နဲ့ ဝေးခဲ့တာ
စာရွက်ဟောင်းတွေပေါ်မှာတုန်းက
ငါတို့က နီးနီးကပ်ကပ်နဲ့ ဝေးခဲ့ကြတာ။
သူ့မှာကဗျာရှိမှန်း ငါမသိခဲ့ရဘူး
ငါ့ကဗျာတွေကိုလည်း သူမကြည့်ခဲ့ဘူး
(၃)နဲ့(၄)လိုပဲ။ဒီတခါကတော့
ကျောချင်းကပ်သံယောဇဉ်နဲ့ဖြစ်ပါလိမ့်မယ်
အဲ့ဒီနေ့က
ငါ့ကဗျာစာအုပ်လေး
ငါ့ဆီပြန်ရောက်ခဲ့တယ်။