မပေးဖြစ်ခဲ့သော စာများ (၂)

4 1 0
                                    

မနှင်းဆီရေ
နောက်ဆုတ်ရခြင်းတွေက
ဘယ်လောက်တောင်ညှင်းဆဲတတ်သလဲ သိရဲ့လား
ထပ်မနာချင်တော့လို့ အဟောင်းတွေပြည်ဖုံးကားချပြီးကာမှ
အရာရာအနည်ထိုင်ပြီထင်နေကာမှ
အခန်းထောင့်ကဒိုင်ယာရီရှိုက်သံကြောင့်
ဝရုန်းသုန်းကားပြိုလဲခဲ့ရတာ ဒီလူရယ်ပါ။

'ကဗျာတွေမရေးတော့ဘူး'
'မနှင်းဆီကို ဆက်မချစ်တော့ဘူး'
ဒီလိုပဲလိမ်ခဲ့ရတယ်
ဒီလိုမှမလိမ်ရင် မေတ္တာရေးလမ်းကြောင်းဟာ
ပိုပိုပြီးလိမ်ကောက်သွားပါလိမ့်မယ်။

ဘယ်လောက်ကြီးများရူးသွပ်ခဲ့မိပါလိမ့်
ချွေးစိုစိုဆံဖျားစတွေကို ငေးလို့မဝခဲ့ရုံ
အဲ့လောက်နဲ့တောင်ပြတ်ရှလာလိုက်တာ
စိတ်တခုလုံး ဓားခုတ်ရာ၊ အမာရွတ်တွေချည့်။

ဒီစိတ်က အနေအထိုင်မတတ်ဘူး
နာမည်ကြားရုံနဲ့အလိုလိုငိုချင်တာမျိုး..
ဝေးဝေးကမြင်ရင်
ပြေးပြေးပုန်းရှောင်ချင်တာမျိုး..
မနှင်းဆီရဲ့ ဥတုသုံးပါးမှာဆို ဆောက်တည်ရာမဲ့မြဲပဲ။

ပြန်ဆုံတော့မှပြောရဦးမယ်
ကျွန်တော့်ရဲ့ ကုသိုလ်ကံနည်းတဲ့
သုံးပွင့်ဆိုင်cloverရွက်တွေအကြောင်း...

ပြန်ဆုံတော့မှပြောရဦးမယ်..
မြင်မယ်အမှတ်နဲ့
ဝေးဝေးကနေ မှိန်မှိန်လေးလင်းပြဖူးကြောင်း...

ပြန်ဆုံတော့မှပြောရဦးမယ်
ဘယ်တုန်းကမှမပေးဖြစ်တော့မယ့်စာတွေအကြောင်း....။

Poems & Essays CollectionWhere stories live. Discover now