ချစ်သော နှောင် (၂)

4 1 0
                                    

ရက်ရက်မှစက်စက်ပဲ
နင်းလို့ ခြေလို့
ပဲ့ဖို့ ကြွေဖို့ တဲ့။

မျက်ဝန်းလေးတွေနူးနူးညံ့ညံ့နဲ့
စိတ်အစုံကိုလည်ပင်းညှစ်လှတယ်
ဘဝဟာလေ
ဆုတောင်းများမှားရော့သလား
ငါအသည်းခွဲဂိမ်းတွေမကစားခဲ့ဖူးဘူး။

သည်ပန်းကလေးညွှတ်ဖို့
အခါခါဆုပန်ခဲ့ရခြင်းအတွက်
မျက်နှာလည်းပူရတယ်.. ရင်မှာလည်းပူရတယ်
ဆုတောင်းများမှားရော့သလား
ကျိုးစေလိုစိတ်နဲ့မဆွတ်ခဲ့ရရိုးအမှန်ပါပဲ။

ဘဝကိုနောက်တကျော့ပြန်ပတ်ချင်တယ်
မင်းဆီလျှောက်မယ့်အစား
ငါ ကြယ်ကြွေပဲကောက်လိုက်ချင်မိပါရဲ့
ခလုတ်တိုက်မှာ
ကြောက်တတ်လာပြီ အချစ်ရယ်။

သံသယမေတ္တာတွေနဲ့ ငါတို့မအေးချမ်းရဘူး
မလိုက်ရယ်မှမဖက်..
သံသယနဲ့မေတ္တာဆိုတာ ဘယ်မှာများတွဲဖက်ညီလို့လဲ
ဟင့်အင်း..မင်းဆီမှာရှိနေတယ်။

လျှာဇောက်ထိုးကြီးပါလေ အချစ်ရေ
ငါ့မှာလေ နှလုံးသားဘက်ကိုပိုပိုသာသာထိုးပေးတယ်
ရေမခါဘဲ ပိုပိုသာသာထိုးပေးခဲ့တယ်
မင်းကလေးကိုချစ်လွန်းလို့ပါကွယ်..

ခုတော့လေ
ရက်ရက်မှစက်စက်ပဲ
နင်းလို့ခြေလို့
ပဲ့ဖို့ကြွေဖို့ တဲ့။

Poems & Essays CollectionWhere stories live. Discover now