ခေါင်းတခြမ်းကိုက်တဲ့ ည (၃)

3 1 0
                                    

အပြင်မီးနဲ့ အတွင်းမီးညှပ်တိုက်ခံရတဲ့အခါ
ဘဝတွေဟာ ပိုမိုကျုံ့လာတယ်။

သိက္ခာတရားခေါင်းပါးတဲ့ရပ်ဝန်းက လာသတဲ့
လှည်းဘီးအောက်မှာ လူပီသမှုကိုချနင်းလာပြီး
အဲ့ဒီနွားခြေရာခွက်ထဲမှာပဲ
တအိုးတအိမ်ထူထောင်ကြ
အဲ့ဒီနွားခြေရာခွက်ထဲကရေကိုပဲ
ပဒေသာပင်မှတ်ကြ
အုန်းမှုတ်ခွက်အောက်ကဖားတွေ
သူတို့ဘဝမှာသူတို့သာ ကြီးကျယ်ကြောင်း
ကိုယ့်ကိုယ်ကိုယ်ပြန်ချီးကျူးကြသလို။

ဝင်သက်ထွက်သက်များလည်း အနုတ်ပြခဲ့ပေါ့
တွယ်ရစ်ရာချည်တိုင်တွေက အပိုင်းပိုင်း ကျိုး..ပျက်
ဘာမှမရှိပါဘူး
ဘာမှမရှိတာကိုပဲ ထပ်ပြီးဆွဲနှုတ်ယူကြ
ငါတို့စိတ်က မြေဆီပြည့်ခဲ့တယ်ထင်ရဲ့ကွာ။

သန်းခေါင်ယံကို နှစ်ထပ်တိုးမှောင်တယ်
ကောင်းကင်က ကြယ်တွေပိုလင်းလာတယ်
သူတို့ဘာကိုလမ်းပြနေကြတာလဲ
ဒီလက်ခုပ်ထဲမှာတော့
အိပ်မက်ဆိုးတွေ သောက်စားမူးယစ်နေတာ
အန်ဖတ်တွေကိုဆို့လို့ဆိုပဲ။

Poems & Essays CollectionWhere stories live. Discover now