အနှစ်၂၀လောက် သာမန်ကျကျရှင်သန်ပြီးခဲ့တဲ့နောက်
မနက်ခင်းရဲ့ကျက်သရေ
တနေ့စာရဲ့ခွန်အား
တဘဝစာသက်တမ်းကို နှစ်တွေထပ်တိုးဖို့
အသက်ရှည်ဆေး ရှာတွေ့ခဲ့ပြီ။အသံတွေဟာ ဒြပ်ရှိတဲ့အရာသာဖြစ်ပါစေ
တင်းတင်းကြပ်ကြပ်ဖက်တွယ်ရင်းနဲ့ပဲ
ဒီစိတ်နဲ့ရူး ဆိုလည်း ရူးလောက်တယ်။အရင်ဘဝမှာ ဆည်းလည်းကလေးတွေများ
ကိုယ်တိုင်သွန်းလှူခဲ့သလားလို့
သံသယလှလှလေးလည်း ဝင်လောက်တယ်။လေပြည်ကလေးကျီစယ်ရင် တချွင်ချွင်ရယ်တတ်တဲ့
ဆည်းလည်းကလေးတွေလေ။
ချန်းရေ
အပန်းမကြီးရင် ငါးစက္ကန့်စာရယ်သံလေးဖြစ်ဖြစ်
စွန့်ကြဲပေးပါလားကွယ်
ကျွန်မကတော့ လေပြည်ဝေ့တိုင်း
အချစ်ရဲ့အသံ ကြားချင်မိပါတော့တယ်။