Part - 12

498 53 40
                                    

ရှောင်းကျန့်ကျောက ဒဏ်ရာတွေ သက်သာသွားချိန်မှာ အမာရွတ်ပျောက်လိမ်းဆေးက ကုန်သလောက်ရှိပြီ..။ အမာရွတ်ကို လိမ်းလို့တော့ မဟုတ်ဘူးပေါ့..။

ဆောင်းရာသီ ဝင်လာတော့ မိစ္ဆာတွေဘက်က လှုပ်ရှားမှု များလာသည်..။ ဆောင်းတွင်းဆိုတော့ အစာရှာရခက်လို့နေမှာ..။ ဝမ်ရိပေါ် တောင်အောက်ဆင်းရတဲ့ ရက်တွေလည်း များလာသည်..။ တခါတခါဆို ရက်ရှည်ကြာသည်..။

ရှောင်းကျန့်လည်း တယောက်ထဲ အားနေတော့ မုယွီဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်၏..။

မြောင့်ဟယ်တောင်၏ စာကြည့်တိုက်က ရှားပါးအဖိုးတန်သော ရှေးဟောင်းစာအုပ်များ ကျင့်ကြံသူတို့၏ လျှို့ဝှက်လက်စွဲ စာအုပ်များနှင့် ပြည့်နှက်နေတတ်သည်..။ တချိုးသမိုင်းစာအုပ်တွေက လူမျိုးရေး ပဍိပက္ခဖြစ်စေနိုင်သည်..။ တချို့စာအုပ်တွေက တားမြစ်စာအုပ်တွေ..။ နှစ်ရှည်လများ မုယွီတယောက် ကျင့်ကြံရင်းတဖက် သေချာစီရီထားသော စာအုပ်တွေ..။

ရှောင်းကျန့်က ရှန်းဝမ့်ကို မခေါ်ပဲ အနီရောင်သားမွေးထည်လေးဝတ်ကာ တယောက်ထဲ ထွက်ခဲ့သည်..။ သူတယောက်ထဲ အတော်ကြာကြာ လျှောက်လိုက်ရသည်..။ တောင်ပေါ်မှာ လေက ခပ်ထန်ထန်..။ အေးလွန်းလို့ သူ့နှာဖျားလေးက ခပ်ရဲရဲဖြစ်လာပြီး လက်ကလေးတွေပါ အေးစက်နေသည်..။ သူ တံခါးမခေါက်ပဲ တန်းတွန်းဖွင့်လိုက်သည်..။

စာကြည့်တိုက်ကြီးက အကြီးကြီးပဲ..။ နံရံကပ် စာအုပ်တွေက အစီအရီ..။ စုစုပေါင်း ကိုးထပ်ရှိသည်..။ ဒုတိယထပ်မှစပြီး နားနေဖို့ ခုံတန်းလေးတွေ ထားထားသည်..။ ပြတင်းပေါက်မရှိ..။ ခေါင်မိုးထိပ်တည့်တည့်မှ အလင်းရောင် ဝင်နေသည်..။ ပထမထပ်၏ အလယ်မှာတော့ စားပွဲခုံတခုံ..။ စာအုပ်တွေ ခြမစားအောင် ‌အမွှေးတိုင်တတိုင် အမြဲ ထွန်းထားသည်..။

မုယွီက ဒုတိယထပ်မှာ စာအုပ်တွေ မှတ်တမ်းလုပ်နေသည်..။ ရှောင်းကျန့် ဝင်လာတာမြင်တော့ ပျာပျာသလဲ ဆင်းလာသည်..။

သူက လူတွေနှင့် ပြောဆို ဆက်ဆံလေ့မရှိသည့်အပြင် ရှောင်းကျန့်နဲ့က ရန်ပါဖြစ်ထားသေးတော့ ဘာလုပ်ရမှန်ူမသိ..။ နောက်မှ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ပြီး..

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now