"ဝမ်ရိပေါ်!! ချရအောင်!!"
"???"
"ဘာလို့ အဲ့လိုကြည့်နေတာလဲ.. ကျန့်ကျန့်ပြောနေတယ်လေ... လာ.. လာခဲ့!!"
"ဟေး.. ဟေး.. ကိုယ် အကြာကြီးနေပြီးမှ တောင်ပေါ် ပြန်တက်လာတာကို ဒီလို ဆက်ဆံတယ်ပေါ့.. ကိုယ်အားနည်းနေတာကို အခွင့်ကောင်းယူတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း.. အခွင့်ကောင်းယူပြီး ကျန့်ကျန့်က ဘာလုပ်ရမှာတုန်း.. ဘာပဲပြောပြော ချရင်တော့ မညှာဘူးနော်.. ဟင်းဟင်း"
"ဘာလို့ ကိုယ်နဲ့ချချင်ရတာလဲ.. နိုင်မှာလည်း မဟုတ်ပဲနဲ့"
"ခု မတူတော့ဘူး.. ကျန့်ကျန့် ကျင့်ကြံဆင့်တက်သွားပြီ.. ကျန့်ကျန့်ကို အထင်သေးရင် ရိုက်ခံရလို့ ငိုနေရမယ်နော်"
"ဟ ဟ... ဒီလောကမှာ ကိုယ့်ထက်တော်တဲ့သူ မရှိသေးဘူး"
"လျှောက်ပြောနေတယ်.. ရိပေါ်မှာ ဆရာတော့ ရှိမှာပဲလေ.. ရိပေါ်က ကိုယ့်ဆရာထက် ပိုတော်လို့လား"
"ဪ.. ကိုယ်ပြောဖို့ မေ့နေတာ.. ကိုယ့်ဆရာက ကိုယ့်မွေးစားအဖေပဲလေ.. အရှင်သခင် ဝူကော်တဲ့.. မွေးစားအဖေက သူ့စွမ်းအင်တွေ ကိုယ့်ကို လွှဲပေးလိုက်တော့ ကိုယ့်ကို အခု ဘယ်လိုက်နိုင်တော့မလဲ"
"ဒါဆို.. ဒါဆို ရိပေါ်ရဲ့ဆရာက.. ကျန့်ကျန့်လောက် တော်လား"
"တော်တာပေါ့.. သူ ကျင့်ကြံလာတာ နှစ်ပေါင်းဘယ်လောက် ကြာပြီလဲ.. "
"နားလည်ပြီ.. နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုသလိုပေါ့"
"ဘာလို့ နွားတွေနဲ့ လျှောက်နှိုင်းနေတာလဲ"
ရှောင်းကျန့်က လျှာထုတ်၍ ပြောင်ပြသည်..။
ဝမ်ရိပေါ် : "....."
"အဲ့မှာပဲနေနော်.. မလှုပ်နဲ့.. ကျန့်ကျန့် လက်ဝါးနဲ့ ရိုက်လိုက်မယ်"
"ကောင်းပြီဗျား"
"အိ.. ယား..!!"
ရှောင်းကျန့်က ဝမ်ရိပေါ် မခံနိုင်မှာစိုး၍ စွမ်းအားတဝက်ကိုပဲ ထုတ်သုံးသည်..။ အလင်းလုံးတခုက ဝှစ်ကနဲ ပြေးထွက်သွားသော်လည်း ဝမ်ရိပေါ်က အသာအယာပင် တားဆီးလိုက်သည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..