Part - 20

541 41 38
                                    

"ဘာပြောမလို့လဲ"

ရှောင်းကျန့်မှာ တမနက်လုံး နှင်းလူလုပ်နေသည့်အပြင် ရိပေါ်နှင့်လည်း အကြာကြီး ရပ်စကားပြောနေသေးသည်..။  သူ့လက်တွေက ရိပေါ် လက်အိတ်ဝတ်ပေးထားလို့ အေးတော့မအေး..။ ခြေထောက်တွေကတော့ အေးစက်နေသည်..။ ဝမ်ရိပေါ်က သူ့ခြေထောက်လေးတွေ နွေးအောင် လက်ဝါးလေးနှင့် ဆုပ်ဆုပ်ပေးသည်..။

"နောက်လဝက်လောက်နေရင် ကိုယ်ရယ် မုယွီရယ် မွေးစားဖေဖေအိမ်မှာ နှစ်သစ်ကူးကန်တော့မလို့.. အဲ့မှာပဲ လဝက်လောက်နေဖြစ်မှာ.. ကျန့်ကျန့်တယောက်ထဲ ဒီမှာ ပျင်းနေလိမ့်မယ်.. လိုက်ခဲ့ပါလား"

မကောင်းတော့ဘူး..။ မကောင်းတော့ဘူး..။ သူသာ ရိပေါ်၏ အဖေက ဝူကော်မှန်းမသိရင် ဝမ်းမြောက်ဝမ်းသာ လက်ခံကောင်း လက်ခံမိလိမ့်မယ်..။ ခုတော့ ရိပေါ်အဖေက ဝူကော်လေ..။ ရိပေါ်က ကာကွယ်ပေးရင်တောင်မှ သူမြေခွေးမိစ္ဆာမှန်း ဖုံးလို့ရမှာမဟုတ်..။ သူ မသေမှန်းသိရင် ဝူကော်က လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး..။ သူလည်း ဝူကော်ကို တိတ်တဆိတ်လုပ်ကြံဖို့ လွယ်တော့မှာ မဟုတ်ဘူး..။ ရိပေါ် သူ့ဘက်က ပါရင်တောင် ဟိုလူဆိုးကြီးက ရိပေါ်ရဲ့ဆရာလေ..။ နိုင်ပါ့မလား..။ ရှောင်းကျန့်ကြောက်၍ ခြေချောင်းလေးတွေ ကုပ်သွားသည်..။

"သွားဘူး.. ကျန့်ကျန့်မှ သူ့ကို မသိတာ"

"မသွားပဲနဲ့ ဘယ်သိပါ့မလဲ ကျန့်ကျန့်ရဲ့"

"ဟင့်အင်း.. ကြောက်တယ်လို့"

"တယောက်နဲ့ တယောက် သိထားတော့ ပိုကောင်းတာပေါ့ မွေးစားဖေဖေက ရှေးရိုးစွဲ ပေမယ့် ကျန့်ကျန့်ကို သဘောကျမှာပါ"

"ဒါ.. ဒါပေမယ့် ကျန့်ကျန့်က မိစ္ဆာလေ.. ကျန့်ကျန့် အမြီးလေးကို မဖွက်ထားနိုင်လို့ ရှန်းဝမ့်လို လန့်သွားရင် ဘယ်လိုလုပ်မလဲ.. "

"မွေးစားဖေဖေက ကျင့်ကြံသူလေ...မိစ္ဆာတွေကို လန့်ပါ့မလား"

"အား.. ကျင့်ကြံသူလား.. ဒါဆို ပိုဆိုးသွားပြီ.. မုယွီတုန်းကလို ကျန့်ကျန့်ကို သတ်ရင် ဘယ်လိုလုပ်မလဲ.. မသွားဘူး.. မသွားဘူးလို့!!"

"ကိုယ်တယောက်လုံး ရှိနေတာ ကျန့်ကျန့်ကို အန္တရာယ်ဖြစ်စေပါ့မလား.. ကိုယ်ကျန့်ကျန့်ကို ခေါ်သွားတာ မွေးစားဖေဖေကို ဖွင့်ပြောပြဖို့"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now