Part - 28

475 42 61
                                    

ကောင်မလေးက ဒုတိယထပ်မှ အခန်းလွတ်တခန်းကို ဖွင့်ပြီး ဝင်သွားသည်..။

"အဲ့ဒါ ဘယ်သူလဲ"

"အဲ့ဒါက.__ ခုနေတော့ ကိုယ်မရှင်းပြနိုင်သေးဘူး"

"တအားရင်းနှီးတဲ့ပုံပဲနော်.. ရည်းစားဟောင်းတွေလား"

မြေခွေးလေး အသံမှာ ရှာလကာရည်နံ့တွေ ပါနေသည်..။ ဝမ်ရိပေါ်က စိတ်ထဲ ကြိတ်ပျော်သွားသည်..။

"ဘယ်က ဟုတ်ရမှာလဲ.. ကျန့်ကျန့်ကသာ ကိုယ့်ရဲ့ ပထမဆုံး တဦးတည်းသော ရည်းစားလေး.. သူ့ကို ကိုယ်မေးစရာရှိလို့ရယ်.. ခဏနေ ဘေးက ငြိမ်ငြိမ်လေး နားထောင်နေ"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုပါ ‌အခန်းထဲခေါ်ပြီး တံခါးပိတ်လိုက်သည်..။ ကောင်မလေးက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး မျက်နှာကို ယပ်တောင်နှင့် ကာထားဆဲ..။ သူမ ပခုံးတွေက တသိမ့်သိမ့်လှုပ်ခါလျက်..။

"ဟွားကျင်း.. ငါခုနက တမင် နှိမ်တာ မဟုတ်ပါဘူး.. ငါ့ကို မလန့်ပါနဲ့...

"ဟွားကျင်း.. ငါဘာမှ မလုပ်ဘူးလို့.. မငိုနဲ့တော့...

"ဟွားကျင်း.. ငါ ဒီမှာ ရောက်နေတာလဲ မင်းထင်သလို အကြောင်းကြောင့် မဟုတ်ပါဘူး..

"အဲ့လိုပဲ မင်းမှာလည်း ဒီကို ရောက်နေရတဲ့ အကြောင်းရင်း ရှိမှာပဲ.. ဆောင်ကြာမြိုင်ကမို့လို့ ငါ့ကို မော့မကြည့်ရဲစရာမရှိပါဘူး..

"ဟွားကျင်း.. ဒါမှမဟုတ် ချွေ့အယ်လို့ပဲ ခေါ်ရမလား...ငါ့ကို ကြည့်"

ကောင်မလေးက မျက်ရည်လည်ရွှဲနှင့် ခေါင်းမော့လာကာ ရိပေါ်ကို ကြည့်သည်..။ ပြီးတော့ ရှောင်းကျန့်ကို ကြည့်သည်..။

"ဒါ ရှောင်းကျန့်တဲ့ .. ငါနဲ့ တဖွဲ့ထဲမို့ ကြောက်စရာ မလိုဘူး"

ကောင်မလေးက မျက်လွှာချသွားသည်..။

ဝမ်ရိပေါ်က မျက်နှာကို ကွယ်ထားသော ယပ်တောင်ကို လှမ်းယူလိုက်သည်..။ ကောင်မလေးက မရုန်း..။

"ဟွားကျင်း!! တကယ်ကို မင်းပဲ!! ဒါကြောင့် ငါနဲ့အတူ ကြီးပြင်းလာတဲ့ မျက်နှာကို ငါ မမှတ်မိစရာလားလို့"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now