Part - 5

286 42 27
                                    

အရုဏ်တက် နိုးနေကျ အချိန်မှာ ရှောင်းကျန့် နိုးလာပြန်သည်..။ သူနိုးလာတော့ ဝမ်ရိပေါ်က နိုးနေပြီး ဘေးမှာ မေးကို လက်ထောက်လျက် သူ့အားကြည့်နေသည်..။

ရှောင်းကျန့်နိုးလာသည်ကို မြင်တော့ သူက ငုံ့နမ်းလာသည်..။ ရှောင်းကျန့်က မရုန်းပဲ သူ့နှုတ်ခမ်းကို လာလျက်သော လျှာကို ခွင့်ပြုထားသည်..။ အကြာကြီးနမ်းပြီးမှ ဝမ်ရိပေါ်က သူ့ကို လွှတ်ပေးသည်..။

"ရှန်းကျွင်း.." (အရှင်)

သူ့အသံက ခပ်အီအီ..။ ချွဲနေတာ မြေခွေးလေးက..။

"ဘာဖြစ်လို့လဲ"

တသက်လုံး ချွဲလိုက်စမ်းပါ.. ဒီကောင်ကြီးကို..။

"ကျန့်ကျန့် ဗိုက်အောင့်တယ်.."

သူတို့မနေ့က ဘယ်နှကြိမ်တောင် လုပ်ဖြစ်လဲ မသိ..။ ရှောင်းကျန့် သတိရလာသည့်အချိန်တိုင်း ဝမ်ရိပေါ်က သူ့အထဲမှာ..။ သူ့ဗိုက်ထဲမှာ အရည်တွေ အများကြီးပဲ..။ နောက်ဆုံး ဝမ်ရိပေါ် လက်မောင်းပေါ်မှာ သူအိပ်မောကျသွားသည်..။

ဝမ်ရိပေါ်က အလိုက်တသိဖြင့် ဗိုက်ကို လက်ဖြင့်အုပ်ကာ စိတ်စွမ်းအင် အနည်းငယ် လွှတ်လိုက်သည်..။ ရှောင်းကျန့်က သက်သာသွားတော့ မျက်လုံးလေးစင်းလို့..။ ကျေးဇူးတင်သည့် အနေဖြင့် ဝမ်ရိပေါ်နှုတ်ခမ်းကို ပြွတ်ကနဲ လာနမ်းသေး..။

ဝမ်ရိပေါ်က ပြန်နမ်းသည်..။ ဒါပေမယ့် ဒီနေ့ သူမအား..။ မနေ့ညက အကူအညီတောင်းသည့် အချက်ပြ မီးပန်းကို တွေ့သည်..။ ဒီတခါ ရင်ဆိုင်ရမယ့် မိစ္ဆာက ခက်ခဲလောက်တယ်..။ သူ့အတွေ့အကြုံအရဆို အနည်းဆုံး ဆယ်ရက်ပဲ..။ ဆယ်ရက်ကြီးတောင် မြေခွေးလေးနဲ့ ခွဲနေရမှာ..။ သူတော့ ရူးတော့မှာပဲ..။ ဒါကြောင့် အလွမ်းဖြေတဲ့ အနေနဲ့ မနေ့ညက ထပ်ခါတလဲလဲ သောင်းကျန်းထားတာ..။

တကယ်တမ်းပြောရရင် သူ ဝ,တောင်မဝ,သေးဘူး..။ ရှောင်းကျန့် အားနည်းနေသေးလို့သာ လွှတ်ပေးလိုက်တာ..။ သူ့ သဘောအတိုင်းသာဆို ရှောင်းကျန့် ကုတင်ပေါ်က ဆင်းရမှာကို မဟုတ်ဘူး..။

"ကျန့်ကျန့်.. နားထောင်နော်.. ကိုယ်တော် အလုပ်လေး ရှိလို့ ဆယ်ရက်လောက် ခရီးထွက်ရမယ်.. ကိုယ်တော် စည်းချထားတာကို မကျော်ပဲ ဒီကျောင်းထဲမှာပဲ အနားယူနေ.. ဟုတ်ပြီလား.. နေ့တိုင်း နေ့တိုင်း ရှန်းဝမ့်ကို ကြက်ဝတုတ်တကောင် ကင်ကျွေးခိုင်းမယ်.. စားပွဲအောက်က သေတ္တာထဲမှာ ရွှေတုံးတွေ ရှိတယ်.. ကျောင်းရှေ့မှာ ဒန်းစီးလို့ရတယ်.. ကျောင်းနောက်မှာ ပန်းခြံနဲ့ သစ်သီးဝလံတွေ ရှိတယ်.. တခုခု လိုချင်တာရှိရင် ရှန်းဝမ့်ကို ခိုင်းလိုက်.. တကယ်လို့ ကိုယ်တော့်ကို လွမ်းလာရင်__"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now