ထန်ရုံ ဝမ်ရိပေါ်ကို မကြည်သည့် အချိန်မှစ၍ ရှောင်းကျန့်ကသာ သူမကို နှိုးရသည်..။
ဒီနေ့လည်း ရှောင်းကျန့် သွားနှိုးမလို့..။ သို့ပေမယ့် ထန်ရုံက နိုးလို့ ရှေ့ကခြံဝင်းထဲမှာ ဒါန်းစီးနေပြီ..။ ဆံပင်ကလည်း ဖြီးပြီးသား..။
"ထန်ရုံ.. အစောကြီးနိုးနေတာလား"
ထန်ရုံက ရှောင်းကျန့်ဘက် ဖြည်းညင်းစွာ လှည့်လာကာ ခပ်ဖြည်းဖြည်းပြုံးသည်..။
"မနေ့က အရမ်းအိပ်ရေးဝလို့လေ.. ဒီနေ့အစောကြီး နိုးနေတာ"
"ခေါင်းက ကိုယ့်ဘာကိုယ် ဖြီးတာလား"
"အင်း.. ရုံရုံ နေ့တိုင်း ရှောင်းသခင်လေးကို ဒုက္ခပေးနေလို့ မဖြစ်ဘူးလို့ တွေးမိတာနဲ့ ကြိုးစားဖြီးကြည့်တာ ရသွားတယ်"
"ထန်ရုံက စကတည်းက ဉာဏ်ကောင်းပြီးသားပါ... မြင်ရတာတောင် ဖြီးနိုင်တယ်"
"အဲ့လောက်မတော်ပါဘူး.. ဒီမနက် အထုပ်တွေ ပြန်လှန်ရင်း အိမ်ကယူလာတဲ့ မှန်လေး တွေ့လို့.. မှန်ကို ရှေ့တချပ် နောက်တချပ် ထားလိုက်တော့ အရင်က မမြင်ခဲ့တဲ့ အရာတွေ မြင်နိုင်သွားတယ်လေ.. တခါတလေကျ တချို့အရာတွေက ရိုးရှင်းလွန်းပေမယ့် မမြင်နိုင်လို့သာ ရှုပ်ထွေးတယ် ထင်ရတာ.. တခါမြင်ပြီးတာနဲ့ ဪဒါကဒီလိုပါလားလို့ တန်းသဘောပေါက်သွားတာပဲ"
"ထန်ရုံ ပြောတာ နားထောင်ရတာ တကယ်လေးလေးနက်နက် တွေးထားတာပဲ"
"မနေ့က ဖူးစာရေးနတ်ဆီ သွားရင်း အရာတိုင်းဟာ ကံစီမံရာ အတိုင်းပဲဆိုတာ သဘောပေါက်လာတာပါ.. ကံတရားကို သေမျိုးလူတွေက ဘယ်လို ဆန့်ကျင်နိုင်မှာလဲ"
ကြည့်ရတာ နောက်ဆုံးတော့ လက်လျှော့သွားပြီထင်တယ်..။ ဒါဆို မကြာခင် ထွက်သွားလောက်တော့မှာပါ..။
"ဟုတ်တယ်.. ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့ ကံကြမ္မာက ဆန်းကြယ်တယ်.. ကျွန်တော်တို့တွေ ပြုပြင်ပြောင်းလဲလို့ မရဘူး"
"သခင်လေးလို မြင့်မြတ်တဲ့ လူတယောက်က ဘာလို့ ကိုကို့လို လူရှုပ်လူပွေနဲ့ ပေါင်းနေတာလဲ.. ဒါလဲ ကံကြမ္မာပဲလား.. ကိုကိုက အတင်းတောင်းဆိုလို့လား.. ဒ့ါပေမယ့် ကံကြမ္မာကို လူတွေက မပြောင်းလဲနိုင်ဘူးဆို"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..