Part - 52

408 50 29
                                    

ထန်ရုံက အမြဲ လိမ်နေတာ။ အဲ့အကြောင်းလည်း မှန်ချင်မှ မှန်မှာ။ သို့ပေမယ့် တောင်ပေါ်မှ ငှက်တွေ ကျီကျီကျာကျာ မြည်တိုင်း သူမစကားလုံး‌ေတွကို ရှောင်းကျန့် မသိစိတ်က မတွေးပဲ မနေနိုင်။

လောကကြီးမှာ အပါးဆုံးကြိုးက ပင့်ကူမျှင်ပဲ။ အဲ့ထက်ပါးတာ မရှိတော့ဘူး။ ဒါပေမယ့် ကြိုးက ပါးလေလေ ပြတ်ဖို့ လွယ်လေလေပဲ။ သူမဆိုလိုချင်တာ ရိပေါ်က သူ့ကို ကြိုးနဲ့ချည်နှောင်ထားတယ်တဲ့။ မဖြစ်နိုင်ပါဘူး။ ရိပေါ်က ပင့်ကူမျှင်ထက် ပါးပြီး သံမဏိလို ခိုင်ခံ့တဲ့ကြိုးကို တီထွင်သွားနိုင်တာများလား။ ဒါလည်း မဟုတ်သေးပါဘူး။

ထိုရက်တွေအတွင်း ရှောင်းကျန့် ညကြီးသန်းခေါင် လန့်နိုးတိုင်း မီးအိမ်အလင်းရောင်အောက်မှ ထန်ရုံ၏ သွေးပျက်ဖွယ် မျက်နှာကြီးက ခြောက်လှန့်နေသည်။ ငှက်တွေ ပျံသွားတာမြင်တိုင်းလည်း သူ စိတ်ထင့်နေသည်။

သူ လူတွေကို မယုံ။ ငယ်ငယ်ကတည်းက ကိုယ့်မျိုးနွယ်စု မဟုတ်ရင် မယုံရဘူးလို့ မှတ်ထားခဲ့တာ။ ဒါပေမယ့် ရိပေါ်ကို အကြွင်းမဲ့ ယုံသည်။ ရိပေါ်က သူ့အပေါ် ကောင်းပေးတယ်။ ဘာမှ ဖုံးကွယ်ထားတာလည်း မရှိ။ ဒါပေမယ့် ဒီယုံကြည်မှုကကော တကယ်မှန်ပါ့မလား။ သူတောင် ရိပေါ်ကို ဖုံးကွယ်ထားတာတွေ ရှိသေးတာ။

ပြီးတော့ သူခုထိ မမေ့သေးဘူး။ အဲ့နေ့က ရိပေါ်က တကယ်ကြောက်စရာကြီး။ သူပြောတာတော့ ထန်ရုံက ထောင်ချောက်ဆင်တာ သူသိတယ်တဲ့။ သူမ ခေါ်လာတဲ့အတိုင်း ရေလိုက်ငါးလိုက်နေတာတဲ့။ ဒါပေမယ့် ဘာလို့ ကြောက်စရာကြီး ဖြစ်နေတာလဲ။ ရှောင်းကျန့်က တခြားအရာသာ ဖုံးရင်ဖုံးထားမယ်။ ရိပေါ်ကိုတော့ ခံစားချက်က အစစ်အမှန်ပဲ။ အရင်က နည်းနည်းလေး ချစ်တာဆို ခု အများကြီးချစ်တာ။ ရိပေါ် သူ့ကိုမယုံဘူးလို့ တွေးလိုက်ရင် ခံစားရတယ်။

‌တနေ့။

ရှောင်းကျန့် ရေချိုးဇလုံထဲမှာ ရေစိမ်နေသည်။ ဆပ်ပြာလဲတိုက်ရင်း သူ့မှော်အစွမ်းနဲ့ ဟိုဟိုဒီဒီ လျှောက်စမ်းရင်း။ ဒါပေမယ့် ဘယ်"ကြိုး"မှ မတွေ့ပါဘူး။ သူ့ဟာသူ သံသယများနေတာပဲဆိုပြီး ရှောင်းကျန့် တခိခိရယ်မိသည်။ ထန်ရုံပြောတဲ့ ဆိုးသွမ်းတဲ့ကောင်လေးဆိုတာကို မေ့ပစ်မှပဲ။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now