ရှောင်းကျန့် ဒီကိစ္စကို တာဝန်ခံရဲတာ သူ့မှာ အရင်ကတည်းက အကြံရှိပြီးသား..။
"ဒေါက် ဒေါက် ဒေါက်"
ဒီတခါတော့ ထန်ရုံ့အခန်းတံခါးကို လာခေါက်သူက ရှောင်းကျန့်..။
"ကိုကို ဝင်ခဲ့လေ"
ထန်ရုံက သူမ ရင်ဆိုင်ရမည့်အရာကို မသိသေး..။
"နေကောင်းသွားပြီပေါ့ အဝတ်သစ်တွေ ဝတ်ပြီး အလှတွေပြင်နေတာ"
"ရှောင်းသခင်လေး?"
ထန်ရုံက ချာကနဲ လှည့်လာသည်..။
ရှောင်းကျန့်က အာရုဏ်ဦးရောင်ခြည်ဖြိုးဖျမှာ အခန်းထဲ ဝင်လာသည်..။ ပထမတော့ ရှည်သွယ်သွယ်အရိပ်မှလွဲလျှင် ဘာမှ မမြင်ရ..။ အလင်းရောင်ထဲရောက်မှ ညှို့ငင်လှပသည့် မျက်ဝန်းတစုံက ထန်ရုံ့အာရုံကို ဆွဲဆောင်သွားသည်..။
"ရိပေါ်က ကိစ္စလေးရှိလို့ တောင်အောက်ဆင်းသွားတယ်.. ဒီနေ့ ညီမဆံပင်ကို ကျွန်တော် ကူဖြီးပေးမယ်လေ.. ဆံပင်က ပျော့ပျောင်းပြီး အရှည်ကြီးပဲ.. ညီမကပဲ ဖြီးတတ်အောင် သင်ပေးပါဦး"
သူကပြောရင်း ထန်ရုံ့လက်ထဲမှ ခေါင်းဘီးကိုယူလိုက်သည်..။ လက်ဖျားနှစ်ခု ထိခတ်သွားတော့ ထန်ရုံ့လက်တို့ တဆတ်ဆတ်တုန်နေတာကို မသိချင်ယောင် ဆောင်ထားသည်..။
"ရှောင်းသခင်လေး.. ရုံရုံ ကိုယ့်ဟာကိုယ် ဖြီးတတ်နေပါပြီ.. ခေါင်းဘီး ပြန်ပေးပါလား"
ရှောင်းကျန့် ထန်ရုံ့ပခုံးပေါ် လက်နှစ်ဖက် တင်လိုက်တော့ ထန်ရုံ့တကိုယ်လုံး ပူလာသလိုလိုနှင့် အားမရှိ..။ မသိလိုက်ပဲ ရှောင်းကျန့်ကိုယ်ပေါ်ကို မှီနွဲ့လိုက်မိသည်..။
"မှန်ကြည့်"
ထန်ရုံ မှန်ထဲကြည့်မိတော့ မှန်ထဲမှာ ရှောင်းကျန့်က သူမဆံပင်ကို ငုံ့ကြည့်နေသည်..။ သူ့မျက်လုံးလေးတွေက ပုံမှန်ဆို တောက်တောက်လေးတွေ..။ ခုတော့ ဆံပင်နက်ရှည်ရှည်တို့နှင့် မျက်လွှာချထားသဖြင့် မျက်လုံးများကို မမြင်ရ..။ သူ့ပုံက အငြိုးကြီးစွာ ရွာချတော့မည့် ညှို့မှိုင်းသော ကောင်းကင်လို..။ ထန်ရုံ ဖြုံသွားသည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..