Part - 6

285 43 41
                                    

နောက်ရက်တွေမှာ ရှောင်းကျန့်တယောက် ပျင်းပျင်းနှင့် ဈေးကဝယ်လာသည်တို့ကို ကလိနေသည်..။ အပေါ်ယံတည်ငြိမ်နေသော်လည်း သူ့စိတ်ထဲမှာ ကိုရင်လေး ပြောသွားသည့်ကိစ္စနှင့် ပတ်သက်ပြီး တနုံ့နုံ့..။ ဝမ်ရိပေါ် ပြန်လာမှ အမတဆေးရည်ကိစ္စကို သေချာမေးဦးမည်..။

သူဆော့ရတာ ပျင်းလာတော့မှ ဘုံကျောင်းမှာ ရက်အတော်ကြာသွားပြီမှန်း အမှတ်ရသည်..။ ဒါပေမယ့် ဝမ်မုယွီကို မမြင်ဖူးဘူးရော..။ ဟိုကိုရင်လေးသာ မပြောရင် သိမှာတောင် မဟုတ်ဘူး..။

ရှောင်းကျန့်လာမေးသည့်အချိန်မှာ ရှန်းဝမ့်က ထမင်းစားနေသည့်အချိန်..။

ဝမ်မုယွီက ဝမ်ရိပေါ်ရဲ့ ညီလေးတဲ့..။ ညီအရင်းတော့ မဟုတ်ဘူး..။ လပိုင်းပဲ ငယ်တာ..။ သူက ဝမ်အိမ်တော်က အခိုင်းအစေ..။ ဒါပေမယ့် ဝမ်ရိပေါ်က ညီအစ်ကိုအရင်းလို ဆက်ဆံသည်...။ ဝမ်ရိပေါ် မြောင့်ဟယ်ကျောင်းကိုသွားတော့ သူလည်း လိုက်လာသည်..။ တပည့်တွေထဲမှာ သူတို့နှစ်ယောက်က အတော်ဆုံး..။ ဒီမှာ သူတို့နှစ်ယောက်ကလွဲရင် ဆွေမျိုးရင်းချာ မရှိတော့ သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ကြသည်..။ မုယွီက မြောင့်ဟယ်တောင် တဖက်ခြမ်းမှာနေသည်..။ အဲ့မှာ မြောင့်ဟယ် စာကြည့်တိုက်ရှိသည်..။ မုယွီက အဲ့ထဲမှာပဲ တနေကုန် တနေခမ်း နေသည်..။ ရှောင်းကျန့်ကလည်း စည်းချထားသည်မှ အပြင်ထွက်ခဲတော့ မုယွီကို တခါမှ မမြင်ဖူး..။

ဝမ်ရိပေါ်ကလည်း ကြာဦးမှာဆိုတော့ ခုပဲ စာကြည့်တိုက်ဆီ သွားလိုက်မယ်..။ မုယွီဆီက ဝူကော်ရဲ့ သတင်းကို အစ်အောက်ပြီး မေးရမယ်..။

"စားပြီးပြီလား.. ပြီးရင် ငါ့ကို မုယွီဆီ ခေါ်သွားပေး"

"သခင်လေး ကျန့်ကျန့်.. သခင်လေးက တနေကုန် ‌အငြိမ်မနေပဲ လျှောက်ဆော့နေတာ.. သခင်မုယွီက သူ့စာအုပ်တွေကို အရမ်းတန်ဖိုးထားတော့ စာကြည့်တိုက်ထဲ လျှောက်ဆော့နေရင် ဆူခံရလိမ့်မယ်"

"ဟာသပဲ.. မင်းအရမ်းတုံးတာတောင် သူမင်းကို မောင်းမထုတ်ဘူးလေ.. ပြီးတော့ သူ့စာအုပ်တွေကို ငါ လက်ဖျားနဲ့တောင် မထိပေါင်"

"သခင်လေး.. သခင်မုယွီက ကျွန်တော်ထမင်း သွားပို့ရင်လည်း ရှပ်ပျာရှပ်ပျာနဲ့မို့ မောင်းထုတ်တာပဲ"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now