Part - 35

421 45 53
                                    

ထန်ရုံ့ကို ဝူကော်၏ သမီးမှန်းသိသော်လည်း ရှောင်းကျန့် တူးတူးခါးခါး မမုန်းမိ..။ သူ့ကိုယ်သူတော့ လက်တုံ့ပြန်ဖို့ အခွင့်အရေးရလျှင် ‌ရသလို ယူမည်ဟု ထင်နေတာ..။ ခုတော့ အဲ့လို မဟုတ်ဘူးရော..။ ထန်ရုံ့ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ အပြစ်ကင်းမယ့် ပုံလေးပါ..။ မြေခွေးမိစ္ဆာတွေအကြောင်း သိပုံမရဘူး..။ သူ့အဖေလုပ်တာ သူနဲ့မဆိုင်ပါဘူးလေ..။

ထန်ရုံက ရှောင်းကျန့်ကို နှစ်ရက်သုံးရက်နေလျှင် ပြန်မည့် ဧည့်သည်ဟု ထင်ထား၍ ယဉ်ယဉ်ကျေးကျေး ဆက်ဆံသည်..။ အချောလေးပဲ.. ငမ်းချင်စရာလေး..။ ဒါပေမယ့် ဒီတခါ တောင်ပေါ်တက်လာတာ ထန်ရုံ့မှာ အကြံနဲ့..။

နေ့လည်စာစားပြီးတော့ ထန်ရုံက ပစ္စည်းတခုကျန်ခဲ့လို့ တောင်အောက်မှာ သွားယူဖို့ ရိပေါ်ကို အဖော်ခေါ်သည်..။ ရိပေါ်ကလည်း တခွန်းမှ အတွန့်မတက်ပဲ လိုက်သွားသည်..။

တကယ်တော့ တောင်တက်ထက် တောင်ဆင်းက ပိုသတိထားရသည်..။ ဒါပေမယ့် ခုကျ ထန်ရုံ ဝေါယာဉ်မလိုပဲ လမ်းလျှောက်နိုင်သွားပြီ..။ ကိုယ့်ချွေးကို မသုတ်ပဲ ဝမ်ရိပေါ်ကို ချွေးလှမ်းသုတ်ပေးသေး..။ သစ်ကိုင်းပေါ်မှာ နားနေသည့် ငှက်ကလေးကို မြင်တော့ ချစ်စရာလေးဆိုပြီး လှမ်းပြသေးသည်..။

ရှောင်းကျန့်၊ ရှန်းဝမ့်နှင့် မုယွီတို့ ညစာအတူစားနေကြသည်..။ တကယ်တော့ မုယွီက ထန်ရုံရောက်လာတာ လှမ်းမြင်လိုက်လို့ ညစာအတူစားဖို့ ရောက်လာတာ..။ ဝမ်ရိပေါ်နှင့် တောင်အောက်ဆင်းသွားသည်ဆိုတော့လည်း ရှောင်းကျန့်တို့နဲ့ပဲ စားလိုက်တာပေါ့..။

"မုယွီတို့ ညီမလေးက ချစ်စရာလေးနော်.. ကျစ်ဆံမြီးလေးတွေနဲ့"

"ဟုတ်"

"စကားပြောရင် မဆင်ခြင်တာ.. ကမူးရှူးထိုး လုပ်တတ်တာလေးပဲ.. သူလဲ အရွယ်ရောက်သင့်သလောက် ရောက်နေပါပြီ.. ဘာလို့ ကလေးလို ဘာမှမသိနားမလည် ဖြစ်နေတာလဲ မသိဘူး"

"သခင်လေး.. ထန်ရုံက ပါးနပ်တဲ့ထဲ ပါပါတယ်"

"ပါးနပ်တယ်? တကယ်ပါးနပ်ရင် ဘယ်လိုလုပ် ပစ္စည်းတွေ ဒီလောက်အများကြီး မေ့ကျန်ခဲ့မှာလဲ.. အိပ်ခန်းထဲလဲ ဇိုးကနဲ ဇတ်ကနဲ ဝင်လာပြီး ကျန့်ကျန့်ကို မြင်မှ လန့်သွားတာ.. ပြီးတော့ ရိပေါ်နဲ့ နေ့လည်ကတည်းက တောင်အောက်ဆင်းသွားတာ ခုထိ ပြန်မလာသေးဘူး.. တောင်အောက်မှာ လျှောက်ဆော့နေပြန်ပြီနဲ့ တူတယ်"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now